နေပြည်တော်၊ စက်တင်ဘာ ၁၆
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ ကနေဒါနိုင်ငံသား Mr. LEE Koran (၃၆)နှစ် ရောက်ရှိလာပြီး ၎င်းသည် (၃၃)လမ်းနှင့် အနော်ရထာလမ်းထောင့်မှ ဗိုလ်ချုပ်ဈေးသို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ရာ ယာဉ်ပေါ်၌ သားရေလက်ကိုင်အိတ်တစ်လုံး မေ့ကျန်ခဲ့ကြောင်း၊ အဆိုပါလက်ကိုင်အိတ်ထဲတွင် ပတ်စ်ပို့စာအုပ်(၁)အုပ်၊ Credit Card (၂)ကတ်၊ အမေရိကန်ဒေါ်လာ(၄၀၀၀)နှင့် စာရွက်စာတမ်းများပါရှိကြောင်းနှင့် ကူညီစုံစမ်း ရှာဖွေပေးရန် အကြောင်းကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တပ်ဖွဲ့ ၀င်များက ကူညီစုံစမ်းရှာဖွေခဲ့ရာ အဆိုပါ ကနေဒါနိုင်ငံ သားစီးနင်း ခဲ့သော အငှားယာဉ်မှာ တာမွေမြို့နယ်၊ ကျောက်မြောင်း ရပ်ကွက်နေ ကိုအောင်တင်ကျော် မောင်းနှင်သည့် 9D/7450 ပရိုဘောက်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းထံသို့ဆက်သွယ်နေစဉ် ကိုအောင်တင်ကျော်မှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)ရုံးသို့ ရောက်ရှိလာပြီး ကနေဒါနိုင်ငံ သား မေ့ကျန်ခဲ့သည့် အိတ်အား အိတ်အတွင်း ပါရှိသည့် ပစ္စည်းများနှင့်အတူ အပ်နှံခဲ့သောကြောင့် ယင်းနေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ် အချိန် Mr. LEE Koran ထံသို့ ပြန်လည်ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment