Tuesday, September 30, 2014

နယ်မြို့များတွင် အသားတိုးကြက် ဈေးနှုန်းမြင့်တက်လာ


နယ်မြို့များ၌ အသားတိုးကြက် စားသုံးမှု မြင့်တက်လာပြီး ဒေသတွင်း ကြက်မွေးမြူရေး လုပ်ငန်း များ၌ ဒေသမျိုးကြက် များကိုသာ မွေးမြူ နေခြင်းကြောင့် အခြားဒေသမှ ဝယ်ယူရောင်းချရသော အသားတိုး ကြက်များမှာ အရှင် တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝဝ အထိ ဈေးနှုန်း မြင့်တက် လာကြောင်း သိရသည်။''အရင်က အသားတိုးကြက် အရှင် တစ်ပိဿာကို ၃၇ဝဝ ဈေးပဲ ရှိတယ်။ အခု ၄ဝဝဝ ဈေးလောက် ဖြစ်လာတယ်'' ဟု စလင်းမြို့မှ အသားတိုးကြက် ဝယ်ယူ ရောင်းချနေသူ တစ်ဦးက ပြောသည်။

ဒေသကြက် မျိုးများမှာ အရှင် တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝဝ ဈေးဖြင့် ဈေးကွက် အတွင်း အရောင်း အဝယ် ဖြစ်နေပြီး ယခုအခါ နယ်မြို့များ၌ အသားတိုးကြက် စားသုံးမှု မြင့်တက် လာခြင်းနှင့် ဒေသကြက် မျိုးများကိုသာ အဓိကထား မွေးမြူနေခြင်း များကြောင့် အသားတိုးကြက် ဈေးကွက် ဝယ်လိုအား မြင့်တက် လာသဖြင့် အသားတိုးကြက် များ(ပုံ) ဈေးနှုန်း မြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...