Friday, September 26, 2014

တယ်လီနောက ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို ၁၉,၉၀၀ ကျပ်ဖြင့် ရောင်းချမည်













တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ် ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချ မည်ဟု ကြေညာ သည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်း ဆင်းမ် ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။
အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက် များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဟန်းဆက်များကို မန္တလေးမြို့ရှိ တယ်လီနော ဆင်းမ်ကတ်အရောင်းဆိုင် ၁,၅၀၀ ရှိသည့်အနက် အရောင်းဆိုင် ၉ ဆိုင်၌ ဝယ်ယူနိုင်မည်ဟု သိရသည်။ ထို့အပြင် တယ်လီနောသည် ပြည်တွင်း၌ နာမည် ရရှိပြီးသားဖြစ်သည့် Samsung ၊ Huawei တို့နှင့် ပူးပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို တွဲဖက်ရောင်းချပေး မည်ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...