Monday, September 8, 2014

ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပါဝင်မကစားရန် ရီးရဲလ်ပြောခဲ့ဟု ဒီမာရီယာ ထုတ်ဖော်


ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီးရက်ဇ်ကို မန်ယူတောင်ပံ ကစားသမား ဒီမာရီယာက ဝေဖန်ထိုးနှက်လိုက်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနား အသင်းအတွက် ပါဝင်မကစားရန် မိမိကို ရီးရဲလ်အသင်းက ခိုင်းစေခဲ့သည်ဟု ပြောကြားလိုက်သည်။

ယခုနှစ် နွေရာသီအတွင်း ရီးရဲလ်မှ ထွက်ခွာရန် မူလက ရည်ရွယ်ချက်မရှိခဲ့ဟု ပြောကြားကာ ဒီမာရီယာ(၂၆)နှစ်က ရီးရဲလ် ဥက္ကဋ္ဌကို ဝေဖန်ခဲ့သည်။ ဇူလိုင်လ အတွင်း ယှဉ်ပြိုင်ခဲ့သည့် ဂျာမနီအသင်းနှင့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမတိုင်မီ ဒီမာရီယာမှာ ပေါင်ဒဏ်ရာကြောင့် ပွဲထွက်ခွင့်အတွက် သံသယရှိနေခဲ့သည်။ ၎င်းကို ပါဝင်မကစားရန် ဆုံးဖြတ်ခဲ့သူမှာ အာဂျင်တီးနားနည်းပြ အလီဂျန်ဒရို ဇဘယ်လာ ဖြစ်ကြောင်း ဒီမာရီယာက ထုတ်ဖော်ပြောကြားသည်။

‘‘ကျွန်တော် အဲဒီဗိုလ်လုပွဲ ကစားမယ့်နေ့မှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင် နေတုန်း ရီးရဲလ်အသင်းက ပို့လိုက်တဲ့စာကို ၁၁ နာရီလောက်မှာ ရပါတယ်။ ကျွန်တော့်ကို ဝင်မကစားနဲ့လို့ ရေးထားတယ်။ စာကို ကျွန်တော် ဆုတ်ဖြဲပစ် လိုက်တယ်’’ဟု ဒီမာရီယာ က ပြောသည်။ 

Goal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...