မိုးဟေကိုက ဇာတ်ကားရိုက်ကူးရင်းနဲ့ တစ်ဖက်မှာလည်း ကျွန်မချစ်သော စာအုပ်ကိုလည်း ၂ဝ၁၅ မှာ ထွက်ဖို့စီစဉ်နေရင်း ထုတ်လုပ်ရေး တစ်ခုကိုလည်း စီးပွားရေး အနေနဲ့ စတင်ခြေလှမ်း နေပြီဖြစ်ပါတယ်။ “မိုး ကုမ္ပဏီက ထုတ်တဲ့ ရုံးပတေ သီးလေးများ ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ နေဒွေး ပြီးတော့ မိုးရယ် ရိုက်ကူးဖို့ ရှိတယ်။ အဓိက ဒီဇာတ်လမ်းက မင်းသားဇာတ်လေးပါပဲ။ အဓိကကတော့ လူတွေကို ပျော်ရွှင်မှုပေးစေတဲ့ ဇာတ်လမ်းပါပဲ ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး)ပါ။ မိုးတို့ ကုမ္ပဏီက ပထမ ဦးဆုံးထုတ်မယ့် ဇာတ်ကားလေးပါ။
ဒီအနုပညာ အလုပ်ကိုလည်း ကိုယ်ကချစ်တယ်။ ပြီးတော့ ဝါသနာလည်းပါတယ်။ စီးပွားရေး အရလည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးက အပြင်စီးပွားရေး တွေလည်း လုပ်နေတော့ ဒါကလည်း ကိုယ့်အနုပညာနဲ့ ဆက်စပ်နေတဲ့ အလုပ် ဖြစ်နေတော့ ဒီထုတ်လုပ်ရေးကို လုပ်ဖြစ်တာပါ။ ဇာတ်ကားကတော့ အောက်တို ဘာလလောက်မှ စပြီးရိုက်ဖြစ်မယ်။ ဒီအစီအစဉ် တွေကလည်း ကျွန်မချစ်သော စာအုပ်ပြီးရင် တစ်ခုပြီးတစ်ခု လုပ်သွားမယ့် အစီအစဉ် လေးတွေပါပဲ အဓိက ကတော့ ကျွန်မချစ်သော စာအုပ်ကို စတင်အကောင်အထည်ဖော်မယ့် အဆုံး သတ်ခါနီးမှ ဒီရုပ်ရှင်ထုတ်လုပ်ရေးကလည်း အစကတည်းက ကုမ္ပဏီ လျောက် ထားတာဖြစ်တဲ့အတွက် အဲဒီဘက်ကိုလည်း နည်းနည်းပိုပြီး အာရုံစိုက်ချင်လာ တယ်။ အဲဒါကြောင့် လုပ်ဖြစ်တာပါ။ တခြားအပြင် စီးပွားရေးတွေလည်း လုပ်ထားတာလေးတွေရှိတော့ ကားရိုက်တွေကို အချိန်ပေးလုပ်နေရတယ်။
မိုးက ဒီအနုပညာ နယ်ပယ်ထဲမှာ ရှိနေတဲ့သူတစ်ယောက် အနေနဲ့လည်း ဒီအနု ပညာလောကကို လည်းချစ်တယ်။ ခင်တွယ်တယ်ဆိုတော့ ဒီထုတ်လုပ်ရေးကို တိုးချဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ဖြစ်သွားတာပါ။ တခြား စီးပွားရေး လုပ်ငန်း တွေကိုလည်း မိုး ဘာတွေ လုပ်နေတယ်ဆိုတာကို ၂ဝ၁၅ မှာအစီအစဉ်တကျ အသိပေးသွားမှာပါ” လို့ ပြောပါတယ်။
Myanmar News Media
0 comments:
Post a Comment