Wednesday, September 24, 2014

အူရီးဒူး ဖုန်းပြောခ ပြန်လျှော့


Wednesday, September 24, 2014

ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုတွင် အူရီးဒူးဆင်းမ်ကတ်များ ၀ယ်ယူနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
အူရီးဒူးမြန်မာအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများကို ယခင်က မိနစ်အလိုက် ကောက် ယူနေသော်လည်း စက်တင်ဘာ ၂၃ ရက်မှစ၍ ဖုန်းပြောဆိုသည့် စက္ကန့်အလိုက်သာ တွက်ချက်၍ ကောက်ယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အူရီးဒူး၏ ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၂၅ ကျပ်သတ် မှတ်ထားပြီး ယခင်က ကောက်ယူ သည့် ပုံစံအရ ဖုန်းပြောချိန်မှာ တစ်မိနစ်မပြည့်သော်လည်း ၂၅ ကျပ်ကို ဖုန်းဘီလ်ထဲမှာ ဖြတ် တောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသစ်ပြန်လည် သတ်မှတ်လိုက်သည့် နှုန်းထား အရ ဖုန်းပြောသည့်အချိန်မှာ စက္ကန့်ခြောက်ဆယ် မပြည့်ပါက ၂၅ ကျပ် ကျသင့်မည်မဟုတ်ဘဲ ဥပမာအားဖြင့် ဖုန်းပြောချိန်မှာ ၄၇ စက္ကန့်သာ ကြာမည်ဆိုပါက ငွေ ၁၉ ဒသမ ၅ ကျပ်သာ ကျ သင့်တော့မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ရဲ့ ၀န်ထမ်း တွေဟာ သုံးစွဲသူတွေရဲ့ စကား သံတွေကို နားထောင်ပြီးတော့ ဒီလိုဈေးနှုန်းတွေ ပြောင်းလဲသတ် မှတ်ပေးဖို့ အကြံပြုချက်ပေးခဲ့ တာ ဖြစ်ပါတယ်’’ ဟု အူရီးဒူး မြန်မာအမှုဆောင် အရာရှိချုပ် Ross Cormack က ပြောသည်။

အူရီးဒူးအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက် စတင်မိတ်ဆက်သည့်အချိန်မှ လက်ရှိအချိန်ထိ ဆင်းမ်ကတ် တစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...