ဟစ်ဟော့ပ်အဆိုတော် Bobby Soxer က သူ့ရဲ့တစ်ကိုယ် တော်အခွေအတွက် အကောင် အထည်ဖော်ပြင်ဆင်နေတာအပြီးသတ်တော့မှာဖြစ်ပြီး နှစ်မကုန်ခင် ပရိသတ် ထံ အရောက်ပေးပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။ ‘
ဂီတ စာဆိုလွှမ်း ပိုင်’ အခွေထဲမှာ ‘ကိုကို’ နဲ့ ‘လက်တွေမြှောက်’ သီချင်းနှစ်ပုဒ်ကို ဖီးချားရင်းပါဝင် သီဆိုပေးထားပြီး ပရိသတ်လက်ခံအားပေးတဲ့အတွက် ဝမ်းသာ
ပီတိဖြစ်မိ ကြောင်းဆိုတဲ့Bobby Soxer က “ကိုလွှမ်းပိုင်ရဲ့အခွေထဲမှာ အချစ် သီချင်းတစ်ပုဒ်နဲ့ ဟစ်ဟော့ပ် လောက အကြောင်း သီချင်းတစ်ပုဒ် ဆိုထားတယ်။ နှစ်ပုဒ်စလုံးကကို လွှမ်းပိုင်စီစဉ်တာပါ။ ‘ကိုကို’ သီချင်း နဲ့ပတ်သက်ပြီးတော့က အထူးပြော စရာမလိုပါဘူး။ ကိုလွှမ်းပိုင်ရော၊ မအိမ့်ချစ်ရော၊ ထက်ထက်တို့ သေသေချာချာ အသံသွင်းခဲ့ကြတယ်။
မယ်လိုဒီလေးကလည်း ထူးခြားမှုရှိတဲ့အတွက် ပရိသတ်အားပေး ကြတယ်။ ထက်ထက်ကတော့ ထက်ထက်ပုံစံ အတိုက် ရက်ပ်လေးကို စပ်ဆိုပြီးဆိုခဲ့တယ်။ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
လွှမ်းပိုင်နဲ့အတွဲထွက်ရှိခဲ့တဲ့ ‘ဒုံးပျံ’ စီဒီ၊ အမ်တီဗီအခွေကလည်း အောင်မြင်ခဲ့တဲ့ အခွေဖြစ်ခဲ့တာကြောင့် သူမရဲ့ တစ် ကိုယ်တော်အခွေ မှာ အရင်သီချင်းတွေထက် ပိုမိုကောင်းမွန်အောင် ကြိုးစားနေရ ကြောင်းကိုBobby Soxer က“ထက်ထက်က
လည်းအဲဒါပဲ စိုးရိမ် နေတာ။ အခုအချိန်မှာ ထက်ထက်ရဲ့ တစ်ကိုယ်တော်အခွေကို ပရိ သတ်လက်ထဲပေးပို့နိုင်အောင်ပဲထက်ထက်ကြိုးစားနေပါတယ်။
အချစ် သီချင်းတော်တော်များများကတော့ပြီးသွားပြီ။မကြိုက်လိုက်၊ ပြန်သွင်း လိုက်နဲ့။မကြာခင် အချိန်အတွင်း မှာတော့ပရိသတ်ဆီရောက်ရှိလာပါ တော့မယ်” လို့ ဆိုပါတယ်။နယ်ခရီးစဉ်၊ ပြည်ပ ခရီးစဉ်တွေ မကြာခဏသွားလေ့ရှိတဲ့Bobby Soxer က ခရီးသွားခြင်း ကိုကြိုက်နှစ် သက်ပြီးသူမသွားချင်တဲ့ ခရီးစဉ်နဲ့ ခရီးသွား ခြင်းအပေါ် အမြင်တို့ကို လည်း “ထက်ကတော့ ထက်ရဲ့ အကျင့်စရိုက်ဝါသနာ
နဲ့ပြောရမယ်ဆိုရင် ခရီးသွားရတာ ကို သဘောကျတယ်။
ညီမက မြန်မာနိုင်ငံမှာဆိုရင် တော့ ပုဂံကိုခဏခဏသွားဖူးချင်တယ်။နိုင်ငံခြား မှာဆိုရင်တော့ ညီမတအား သွားဖူးချင်တာကဟာ ဝိုင်အီကမ်းခြေပါပဲ။
ပြီးတော့ပဲရစ်ကဖက်ရှင်နဲ့ပတ်သက်ပြီးနာမည် ကြီးတဲ့ မြို့ဖြစ်တဲ့အတွက် အဲဒီကိုလည့်း သွားချင်ပါတယ်” လို့ ဆိုတဲ့Bobby Soxer က လွှမ်းပိုင်၊ ရဲရင့်အောင်၊ နန်းမြတ်ဖြိုး သင်းတို့နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ရှိ ပြီး စက်တင်ဘာ ၁၃ရက်နေ့မှာLet’s Go to Singapore K.Pop Show နဲ့ အင်ဒိုနီးရှား ဘာလီကျွန်းသို့ ရိုက်ကူးရေး ခရီးစဉ် သွားရောက်မှာဖြစ်ပါတယ်။
popular myanmar
0 comments:
Post a Comment