Monday, September 29, 2014

Documentary ရိုက်မယ့် နွေးနွေးစိန်မြင့်


သရုပ်ဆောင် စိန်မြင့်နဲ့ အကယ်ဒမီ ဆွေဇင်ထိုက်တို့ရဲ့ တဦးတည်းသောသမီး နွေးနွေးစိန်မြင့် က အမေရိကားကနေ အမေ့ရင်ခွင်ကို ခေတ္တပြန်လည် ခိုလှုံရင်း သူတတ်မြောက်ထားတဲ့ ရုပ်ရှင်အတတ်ပညာများကို ဖြန့်ဝေပေးသွားမှာ ဖြစ်သ လို မိခင်ရဲ့ အစီအစဉ်နဲ့ Documentary တခုကိုလည်း ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
“မြန်မာနိုင်ငံကို ပြန်လာတာက အမေ့ကို ကူဖို့ပါ။ အမေက CSG ဆိုပြီး ကုမ္ပဏီ ထောင်ထားတယ်။ အဲဒီမှာ နွေးနွေးက Production ပိုင်းအတွက် အမေက CEO ရာထူးပေးတယ်။ လောလောဆယ်မှာ Production အဖွဲ့သားတွေကို သင်တန်း ပေးနေတယ်။

သူတို့က တတ်ပြီးသားတွေ ဖြစ်ပေမယ့် စနစ်တကျ သင်ခဲ့တာမဟုတ်တော့ မှားတဲ့ ဟာလေးတွေ ရှိတယ်။ အဲဒါတွေကို Train တွေလုပ်ပေးနေတယ်။ ပြီးရင် တော့ Production ပိုင်းတွေ၊ ဆက်လုပ်သွားမယ်။ သူတို့ကို သင်ပြပေးတယ် ဆိုတာလည်း သူတို့က တတ်ပြီးသားတွေ။ ဒါပေမယ့်လည်း အတတ်ပညာ ကျောင်းအနေနဲ့ နှစ်ချီပြီး သင်တန်းတက်ခဲ့ရတာ မဟုတ်တော့ တိတိကျကျ လုပ်ရမယ့် အပိုင်းတွေမှာ အမှားတချို့ ရှိတဲ့အတွက် ကိုယ့်အဖွဲ့သားတွေကို တတ်နိုင်သလောက် တတ်ထားတဲ့ ပညာတွေ ပြန်လည်မျှဝေပေးနေတယ်”
လို့ နွေးနွေးစိန်မြင့် က ပြောပြခဲ့ပါတယ်။

နွေးနွေးစိန်မြင့်က ဆန်ဖရန်စစ္စကိုမှာ Academy of Art မှာ မာစတာနဲ့ ဘွဲ့ရခဲ့ တာဖြစ်ပြီး အထူးသင်ကြား ခဲ့တာကတော့ Script of Lighting ပိုင်းကို ထပ်ပြီး သင်ယူခဲ့တယ်။

ဟိုအရင်တုန်းက 8 Millimetre နဲ့ 16 Millimetre နဲ့ ရိုက်တာတို့ကို သင်ပြီးတော့မှ Digital ဘက်ကိုကူးတာ။ အဲဒီမှာမှ Documentary ရိုက်တဲ့အပိုင်း၊ ရုပ်ရှင်ကို ရိုက်တဲ့အပိုင်း ခွဲထားတယ်။ နောက်ထပ်လည်း ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အပိုင်း တွေအားလုံးကို သင်ပေးတယ်။ အကောင်းဆုံး ကြိုးစားခဲ့တဲ့အတွက် အတန်း တော်တော် များများမှာ A အဆင့်ရခဲ့တယ်။ အဲဒီအထဲမှာမှ Script of Lighting ကို အထူးကြိုးစားခဲ့တဲ့အတွက် ဒီအပိုင်းကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်ခဲ့တာဖြစ် တယ်။

ဒါကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အချိန် အကယ်ဒမီ စည်သူ ဦးကြည်စိုးထွန်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားတဲ့ Laurel Art Academy အနုပညာ သင်တန်းကျောင်းမှာ ကျောင်းသားများကို သရုပ်ဆောင် ပညာနဲ့ ပတ်သက်ပြီး နှစ်ကြိမ် သွားရောက်သင်ကြားပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါ တယ်။

အခုလောလောဆယ် မန္တလေးကိုသွားပြီး Documentary တခုကို သွားရိုက် မယ်။ ရိုက်သွားမယ့် Title ကိုတော့ ပြောလို့မရသေးတဲ့အတွက် ပြောလို့ရတာနဲ့ ပြောပါမယ်။

လူတွေအကုန်လုံး အသုံးပြုနေတဲ့ ပစ္စည်းတခုနဲ့ ပတ်သက်ပြီး အဲဒီပစ္စည်းရဲ့ History ကို လူတိုင်းမသိကြသေးတဲ့အတွက် အဲဒီပစ္စည်းနဲ့ ပတ်သက်ပြီး ရိုက်ကူး ပေးသွားမယ်။

သုံးရက်လောက် ရိုက်ရမယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ မန္တလေးကိုသွားပြီး မိနစ်သုံးဆယ်စာလောက် Short Film နဲ့ တနာရီစာ အပိုင်းတိုကို သုံးရက်နဲ့ အပြီး ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ရိုက်ခဲ့မယ်လို့ နွေးနွေး စိန်မြင့် က ပြောပြခဲ့ ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။

ဧရာဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...