Monster ကုမ္မဏီ ဟာ သူတို့ရဲ့ SoundStage Speaker အသစ်တစ်ခု ကို IFA 2014 ပွဲမှာ စတင်ပြသခဲ့ပါတယ်။ Monster ရဲ့စတင်ပြသမှုမှာ ရွေးချယ်စရာ ၃ ခု ရှိလာပါတယ်။ သေးငယ်တဲ့အရွယ် S1 ၊ ပုံမှန်အရွယ် S2 နဲ့ ပိုကြီးတဲ့အရွယ် S3 တို့ဖြစ်ပါတယ်။
အရှေ့မျက်နှာစာမှာတော့ ကျော့ရှင်းတဲ့ ပုံစံဖြစ်ပြီး သတ္တုဇာကွက် ပါဝင်သလို ဘောင်ကွက်ရဲ့အရှေ့ မှာတော့ ငြင်သာတဲ့ အကွေးလေးတစ်ခု ကန့်လန့်ဖြတ်ပါဝင်ပါတယ်။ Monster ရဲ့ ပြောကြားချက်အရ ဒီ Speaker တွေဟာ ကျယ်ပြန့်တဲ့ အသံနေရာ တွေကို ထုတ်ပေးနိုင်ပါတယ်။ ဇာကွက်ကို ကန့်လန့်ဖြတ်ထားတဲ့ အဆုံးသတ်နေရာဟာ အမည်းရောင်နဲ့ပါ။
အနောက်ဘက်မှာတော့ ချိတ်ဆက်တဲ့နေရာတွေရှိပါတယ်။ USBကို ဒီစပီကာကို အားသွင်းရာမှာ သုံးနိုင်ပြီး ဒုတိယမြောက် USB ကတော့ဖြစ်နိုင်ချေရှိတဲ့ Firmware တွေ အဆင့်မြှင့်ဖို့အတွက် သုံးနိုင်ပါတယ်။ Digital optical ကတော့ TV နဲ့ သုံးတဲ့အခါ သုံးလို့ရနိုင်ပါတယ်။ ၃.၅ မီလီမီတာ ရှိတဲ့ စတီရီယို အ၀င်ပေါက် မှာတော့ ရုပ်ပိုင်းဆိုင်ရာထည်းသွင်းလိုတဲ့ အခွင့်အရေးတွေ အတွက် အသုံးပြုနိုင်ပါတယ်။
ဒီ Monster စပီကာမှာ Wi-Fi နဲ့ Bluetooth လည်းပါဝင်ပါတယ်။မတူညီတဲ့ အခန်းပုံစံအမျိုးမျိုးမှာ သင့်တော်ပြီး High Resolution နဲ့ အသံထွက် အထောက်အပံ့ပေးထားတယ်လို့ Monster ကပြောထားပါတယ်။
Monster ရဲ့ SoundStage Speaker အသစ်တွေရဲ့ဈေးနှုန်းတွေကတော့ S3 အတွက်ဒေါ်လာ ၄၀၀ ၊ S2 အတွက် ဒေါ်လာ ၃၀၀ နဲ့ S1 အတွက် ဒေါ်လာ ၂၀၀ တို့ပဲဖြစ်ပါတယ်။

0 comments:
Post a Comment