Thursday, September 11, 2014

တရုတ်နှင့် အိန္ဒိယ ပြေး ဆွဲ မည့် ကျည် ဆန် ရ ထား မြန် မာ နိုင် ငံ ကို ဖြတ်သန်းရန် စီစဉ်ထား …..


ရန်ကုန် စက်တင်ဘာ ၁၁

တရုတ်- အိန္ဒိယ နှစ်နိုင်ငံ ကျည်ဆန်ရထား ပြေးဆွဲရန် စီစဉ်ရာတွင် မြန်မာနိုင်ငံအား ဖြတ်သန်း ဖောက်လုပ် ပြေးဆွဲရန် စီစဉ် ထားရှိကြောင်း အိန္ဒိယနိုင်ငံ ခြေစိုက် Ta Taကုမ္ပဏီမှ တာဝန်ရှိသူ Mr.Vinayak Deshpande က ပြောကြားသည်။

လက်ရှိတွင် တရုတ်ကျည်ဆန် ရထား ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ အတွင်း၌ အမြန်ရထား စီမံကိန်း ငါးခုအတွက် Ta Ta ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေး လျက် ရှိနေကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ အစိုးရ အချင်းချင်း သဘောတူညီရေးပါ ပါဝင်ပြီး အဆိုပါ စီမံကိန်း ငါးခုထဲတွင် တရုတ်နှင့် အိန္ဒိယကို ဆက်သွယ်မည့် ကျည်ဆန်ရထား ကဲ့သို့သော စီမံကိန်း တစ်ခု၌ ကြားခံ နိုင်ငံဖြစ်သော မြန်မာနိုင်ငံအား ဖြတ်သန်းရန် စဉ်းစားထားကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ အတွင်းရှိ Mumbai နှင့် Ahmedabadကို ကျည်ဆန်ရထား ပြေးဆွဲရေး အတွက် အစိုးရသစ်က စီစဉ်နေကြောင်း၊ ယင်းလုပ်ငန်းစဉ် များတွင် တရုတ် နိုင်ငံမှ ကျည်ဆန်ရထား ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ထားကြောင်း၊ ထို့အပြင် ဆက်စပ် သတင်းတစ်ခု အရ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနှင့် ကချင်ပြည်နယ် မြစ်ကြီးနား တို့ကို ဆက်သွယ်ထားသော အဓိက ရထားလမ်းပိုင်း အတွက် တရုတ် နိုင်ငံက EXIM ဘဏ်က ချေးငွေ ပေးအပ်မည် ဖြစ်ကြောင်း Ta Taကုမ္ပဏီမှ တာဝန် ရှိသူ Mr.Vinayak Deshpande၏ ပြောကြားချက်အရ သိရှိရသည်။

ရထားလမ်းပိုင်းများ တည်ဆောက်ရာတွင်လည်း တရုတ်နိုင်ငံ၏ နည်းပညာကို အသုံးပြုမည်ဖြစ်ပြီး လက်ရှိတွင်EXIM ဘဏ်မှ တာဝန်ရှိသူများသည် အဆင့်မြှင့်တင်မည့် လမ်းကြောင်း တစ်လျှောက်ကို ကွင်းဆင်း လေ့လာ မှုများ လုပ်နေကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

စိုးမိုး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...