ဧရာဝတီ တိုင်းဒေသကြီးတွင် 3G ကွန်ရက် စနစ် (WCDMA) တိုင် (၄၅) တိုင် တိုးချဲ့ တပ်ဆင် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျွန်မတို့ MPT နဲ့ ဂျပန်နိုင်ငံ KTJI ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်တယ်။ ဆာဗေးတွေ လုပ်နေပြီ။ အနည်းဆုံး သုံးလ၊ အများဆုံး ခြောက်လအတွင်း အသုံးပြုနိုင်အောင် တပ်ဆင်ပေး သွားပါမယ်။ အဓိကကတော့ အင်တာနက် မြန်အောင် သုံးစေချင်လို့ ဆောင်ရွက်ပေးတာ ဖြစ်တယ် ဟု တိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လက်ထောက် အင်ဂျင်နီယာ ဒေါ်ဆွေမာက The Messenger Media သို့ ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီး ဘိုကလေးမြို့တွင် နှစ်တိုင်၊ ချောင်းသာမြို့တွင် တစ်တိုင်၊ ဖျာပုံမြို့(ချောင်းတွင်း) တွင် တစ်တိုင်၊ ဓနုဖြူ မြို့တွင် တစ်တိုင်၊ ဒေးဒရဲမြို့တွင် တစ်တိုင်၊ အိမ်မဲ မြို့တွင် တစ်တိုင်၊ လှေကြီးတက် မြို့တွင် တစ်တိုင်၊ ဟင်္သာတမြို့တွင် လေးတိုင်၊ ကန်ကြီး ထောင့်မြို့တွင် တစ်တိုင်၊ ကြံခင်းမြို့တွင် တစ်တိုင်၊ ကျောင်းကုန်းမြို့တွင် တစ်တိုင်၊ လေးမျက်နှာ မြို့တွင် တစ်တိုင်၊ လပွတ္တာမြို့ဟောင်းတွင် တစ်တိုင်၊ မြို့သစ်တွင် တစ်တိုင်၊ မအူပင် မြို့တွင် သုံးတိုင်၊ မော်ကျွန်းမြို့တွင် နှစ်တိုင်၊ မြန်အောင်မြို့တွင် နှစ်တိုင်၊ မြောင်းမြမြို့တွင် နှစ်တိုင်၊ ငပုတောမြို့တွင် တစ်တိုင်၊ ငါးသိုင်း ချောင်းမြို့တွင် တစ်တိုင်၊ ညောင်တုန်းမြို့တွင် တစ်တိုင်၊ ပန်းတနော်မြို့တွင် တစ်တိုင်၊ ပုသိမ် မြို့တွင် ခုနစ်တိုင်၊ ဖျာပုံမြို့ပေါ်တွင် နှစ်တိုင်၊ ဆားမလောက် မြို့တွင် တစ်တိုင်၊ ၀ါးခယ်မမြို့တွင် တစ်တိုင်၊ မအူပင် (ရေလဲတံတား) တွင် တစ်တိုင်၊ အသုပ်တွင် တစ်တိုင်၊ ကျုံမငေးမြို့တွင် တစ်တိုင်၊ စုစုပေါင်း(၄၅) တိုင် တိုးချဲ့ တပ်ဆင် သွားမည် ဖြစ်သည်။
ယခင်က MPT 3G ကွန်ရက်စနစ် (WCDMA) တိုင်၊ ပုသိမ်တွင် ခုနစ်တိုင်၊ ဟင်္သာတတွင် နှစ်တိုင်၊ ငွေဆောင်တွင် သုံးတိုင်၊ စုစုပေါင်း (၁၂) တိုင်သာ ရှိသည်။ အခု နောက်ပိုင်း MPT ကချပေးတဲ့ ကတ်တွေ၊ လိုင်းတွေ သိပ်မကြည်ဘူး။ တစ်ခါတလေ ဖုန်းပြောနေရင်း ဘာမှ မကြားရတော့ဘူး။ အင်တာနက် ကတော့ လိုင်းမတက်လို့ အ၀ိုင်းလေးလည် နေတာပဲ ကြည့်နေရတာ များတယ်။ အခုလို တိုးပြီး ဆောက်ပေးမယ် ဆိုရင်တော့ ဖုန်းအသုံးပြု သူတွေ အတွက် ကောင်းပါတယ် ဟု ပုသိမ်မြို့ ဒေသခံ ကိုကျော်ကျော် က ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီး အတွက် မိုဘိုင်းဖုန်း အသုံးပြုရန် တာဝါတိုင် (၁၉၁) တိုင်ရှိပြီး ၂၀၁၄/၁၅ ဘဏ္ဍာနှစ် အတွင်း မိုဘိုင်းတာဝါ တိုင်(၂၀) တိုးချဲ့ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းလည်း တိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၏ မြန်မာ့ ဆက်သွယ်ရေး တိုင် (၉၁) တိုင်၊ CDMA (၉၃၅) လုံး၊ GSM (၂၇၅၉၇၆) လုံး၊ WCDMA (၄၅၆၅၅) လုံး၊ CDMA -(၄၅၀၆၅၅၇၀) လုံး ၊ METCEL (၂၆၆၄၉၅) လုံးတို့ အသုံးပြုလျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မျိုးမင်းပိုင်
ပုသိမ်
The Messenger
0 comments:
Post a Comment