ရန်ကုန်တိုင်းဒေသကြီး၌ ကားအစီး ရေများပြားလာခြင်းကြောင့်လက်ရှိအချိန် တွင် ကားအစီး (၅၀၀)ကို ယာဉ်ထိန်းရဲ တစ်ယောက်နှုန်းဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
“ဖွဲ့စည်းပုံအရ ယာဉ်ထိန်းအင်အား ကတော့ လုံလောက်မှုမရှိသေးပါဘူး၊ အရင်ကရှိတဲ့အင်အားနဲ့ အခုအင်အား ကတိုးလာပါတယ်၊ တဖြည်းဖြည်းတော့ ဖြည့်တင်းပေးနေပါတယ်။ရှိတဲ့အင်အားနဲ့ တော့ စည်းကမ်းထိန်းသိမ်းရေးဆောင် ရွက်နေရပါတယ်။ အင်အားထပ်ရရင် တော့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဆောင်ရွက်တဲ့နေရာမှာ ပိုအဆင်ပြေ တာပေါ့”ဟုအဆိုပါရဲအရာရှိတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေ သကြီးအတွင်းယာဉ်ထိန်းအင်အား(၁၀၀၀) ကျော်သာရှိပြီး ယင်းအင်အားဖြင့်သာ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများ ထိန်းသိမ်းကြီးကြပ်နေရကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့်ယာဉ်ထိန်းအင်အားမှာ စုစုပေါင်းယာဉ်ထိန်းအင်အား၏ ၅၃ ရာခိုင်နှုန်းသာရှိပြီး ကျန်ယာဉ်ထိန်းတပ်ဖွဲ့ များမှာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်း၊ ယာဉ်မှုစစ်တာဝန်ထမ်းဆောင်ရခြင်း၊ ရှေ့ပြေးဆိုင်ကယ်တာဝန်ယူခြင်းတို့ကို ဆောင်ရွက်နေရခြင်းဖြစ်သည်။
“ယာဉ်ထိန်းအင်အားလုံလုံ လောက် လောက်နဲ့ ဆောင်ရွက်မယ်ဆိုရင်ယာဉ် အန္တယ်ရာယ်တွေပိုအဆင်ပြေမယ် လို့ထင်တယ်။ တချို့ဒရိုင်ဘာတွေဆိုရင် ယာဉ်ထိန်းရဲရှိရက်သားနဲ့ စည်းကမ်း ဖောက်တာတွေရှိတယ်။ တချို့မီးပွိုင့် တွေဆို ယာဉ်ထိန်းမရှိတာတွေရှိတယ်၊ အင်အားတိုးပြီးဖြန့်ကျက်လုပ်ဆောင်မယ် ဆိုရင် ယာဉ်တိုက်မှုတွေ၊ မတော်တဆ မှုတွေလျော့ပါးသွားနိုင်တယ်” ဟု တက်္ကစီ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဇော်ဝင်း ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ စုစုပေါင်းလေးသိန်းတစ်သောင်းကျော် ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များမှ မှတ်ပုံတင်ထားပြီး ရန်ကုန်မြို့ အတွင်းမောင်းနှင်နေသည့် ကားအစီးရေ တစ်သိန်းခုနစ်သောင်းကျော်ရှိနေကြောင်း၊ ရန်ကုန်မြို့အတွင်း မောင်းနှင်နေသည့် ယာဉ်အရေတွက်မှာ တစ်နိုင်ငံလုံးရှိ ကားအစီးရေ၏ (၈၀) ရာခိုင်နှုန်းရှိ ကြောင်း အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲ မှူးရုံးမှသိရသည်။
ချမ်းငြိမ်း(မြစ်မခ)
Hot News
0 comments:
Post a Comment