Sunday, October 26, 2014

အာနန္ဒာဘုရားအား အိန္ဒိယပညာရှင်ခြောက်ဦးက ပြုပြင်ထိန်းသိမ်းဆောင်ရွက်


ပုဂံဒေသရှိ အာနန္ဒာဘုရားကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို Archaeology Survey
of India (ASI) အဖွဲ့ မှအိန္ဒိယ ရှေးဟောင်းပညာရှင် ခြောက်ဦးက အောက်တိုဘာ ၈ ရက်နေ့
မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြုပြင်ထိန်းသိမ်းခြင်းသည် မြန်မာ -အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ၂၀၁၀ ပြည့်နှစ် ဇူလိုင်
၇ ရက်နေ့ နားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရက ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။

"အောက်တိုဘာ ၈ ရက်ကစပြီး ပြု ပြင်မှုတွေလုပ်နေတယ်။ ၂၀၁၃ အောက်တိုဘာ ၃၀ရက်နေ့
ထိ သတ်မှတ်ထားတယ်။

"၂၀၁၁ တုန်းက ဘုရားပြုပြင်ရမယ့်နေရာတွေနဲ့ အကြမ်းဖျင်း ကုန်ကျစရိတ်တွေကိုတော့ တွက်
ချက်ခဲ့ကြတယ်"ဟု ရှေးဟောင်းယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသား
ပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံရှေးဟောင်းအမွေအနှစ် ဒေသဌာနခွဲ၊ ညွှန်ကြားရေးမှူး
ဦးနိုင်ဝင်းက ပြောသည်။

နံရံဆေးရေးပန်းချီရှိသော အာရုံခံနံရံများ အက်ကွဲနေသည်ကို ဓာတုဗေဒ နည်းဖြင့် ဖာထေးမှု
များပြုလုပ်ခြင်း၊ ဘုရား၏ မိုးလျှောများပြုပြင်ခြင်း၊ အင်္ဂတေပန်းလက်ရာများ၊စဥ့်ကွင်းများ၊
ကျောက်ဆစ်လက်ရာများပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဘုရား ရင်ပြင်တွင် ကျောက်ပြားများ
ခင်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများနှင့် သစ်သားပန်းပုလက်ရာများကို ပြုပြင် ထိန်းသိမ်း
ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာနန္ဒာဘုရားသည် ကျန်စစ်သား မင်းတည်ထားခဲ့သော ဘုရားများ အနက်တစ်ဆူဖြစ်ပြီး ပုဂံ
သရပါဂိတ် အနီးတွင် တည်ရှိကာ နန္ဒမူလှိုင်ဂူတော်စေတီ ပုံစံတည်ထားခဲ့ကြောင်း သမိုင်း
မှတ်တမ်းများအရ သိရသည်။

အာနန္ဒာဘုရားမှာ ပုဂံရှိ အခြားသော ဘုရားများနှင့် တည်ဆောက်မှုပုံစံမှာ မတူညီဘဲ ဂရိ
ကြက်ခြေခတ်ပုံစံဖြစ်ကာ မုခ်လေးမုခ်၏ အလယ်လေးမျက်နှာ၌ ရပ်တော်မူဘုရားလေးဆူကို
တည်ထား၍ အတွင်းပတ်လမ်းနှစ်လမ်းကို အလင်းရောင်ကောင်းစွာ ရရှိနိုင် အောင် စီစဉ်ဆောင်
ရွက်ထားသော ဗိသုကာလက်ရာများနှင့် ဘုရားအပြင် ဘက်ပစ္စယာမှာ ၅၅၀ ဇာတ်နိပါတ်
စဥ့်ကွင်းများကိုလည်း တွေ့မြင်နိုင် သည်။

The Myanmar Times 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...