
သတ်မှတ်ထားသည့် စည်းကမ်းများ အား ဖောက်ဖျက်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁ဝ ခုကျော်ကို အေဂျင်စီလိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက် ပြီး အခြားသော အေဂျင်စီများကိုလည်း ဆက် လက် စိစစ်တင်ပြသွားမည်ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ သိရသည်။
''စည်းကမ်းဖောက်ဖျက်တဲ့ အေဂျင်စီ တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ် သွားဖို့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြ သွားမယ်''ဟု ပြည်ပအလုပ်အကိုင် အေဂျင် စီအသင်းချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်၍ အေ ဂျင်စီတချို့မှာ လိုင်စင်ပိတ်သိမ်းခံရမှုများ ရှိခဲ့ပြီး လက်ရှိအချိန်တွင် ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရသည့် အေဂျင်စီ ၁ဝ ခုကျော် အထိ ရှိလာခြင်းဖြစ်သည်။
''အလုပ်သမားဝန်ကြီးဌာနက သတ် မှတ်ထားတဲ့ လိုင်စင်စည်းကမ်းချက်က အ များကြီးပါ။ ဒီစည်းကမ်းချက်တွေက အလုပ် သမားဝန်ကြီးဌာနမှာ တရားဝင် လိုင်စင်ယူ ထားတဲ့ ကုမ္ပဏီတွေအားလုံး အကျုံးဝင်တယ်။ မလိုက်နာရင် အရေးယူခံရပါတယ်''ဟု အတွင်း ရေးမှူးဦးကျော်ထင်ကျော်က ပြောသည်။
ရာသက်ပန် လိုင်စင်ပိတ်သိမ်းခံရသည် အထိ အဆိုးရွားဆုံး စည်းကမ်း ဖောက်ဖျက် ခြင်းများမှာ အလုပ်သမားဝန်ကြီးဌာနအား အသိမပေးဘဲ ပြည်ပမှအေဂျင်စီ၊ လုပ်ငန်း ရှင်များနှင့်ချိတ်ဆက်ပြီး အလုပ်သမား စေ လွှတ်ခြင်း ပင်ဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ် ငန်းရှင်များအဖွဲ့ချုပ်အနေဖြင့် သတ်မှတ် စည်းကမ်းချိုးဖောက်သော အေဂျင်စီများ အား ပြစ်မှုအလိုက် လုပ်ငန်းရပ်ဆိုင်းမှုများ ကို ခြောက်လ၊ ကိုးလ၊ တစ်နှစ်မှ သုံးနှစ်အ ထိ ပိတ်သိမ်းခဲ့ပြီး အဆိုးရွားဆုံး စည်းကမ်း ဖောက်ဖျက်မှုများကို ရာသက်ပန်လိုင်စင် ပိတ်သိမ်းခြင်းအထိ အရေးယူခြင်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် တရားဝင်လိုင် စင်ရထားသော ပြည်ပ အလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီ ၂၁၇ ခုရှိပြီး၊ ထိုင်းနိုင်ငံသို့ သီးခြား ပို့ဆောင်ပေးသည့် အေဂျင်စီ ၇ဝ ခန့်ရှိကာ တချို့အေဂျင်စီများမှာ လတ်တ လော ပေါ်ပေါက်နေသော အဖြစ်အပျက် များကြောင့် ရပ်နားထားကြောင်း သိရသည်။
ဖြူသစ်လွင် ၊ ရန်ကုန်
Yangon Times Journal
0 comments:
Post a Comment