Tuesday, October 28, 2014

အတုံ့အလှည့် ဘဝအဆက်ဆက်


သတင်းစာဂျာနယ်၊ မဂ္ဂဇင်း...ဒီ့အပြင် အင် တာနက်တွေကနေတစ်ဆင့်ပါ စိတ်မသက် သာဖွယ်ရာ....လူသားအချင်းချင်း...။

ဒီနေရာ မှာ ''ရှိလွန်းနေတဲ့ ဓနအင်အားကနေ မရှိအားငယ်နေ ရမှုမျိုးကိုနှိပ်စက်...။

ကျွန်တော်ကတော့ အဲဒါမျိုးကို 'ကြီးနိုင်ငယ်ညှဉ်း'လို့သုံးသပ်ချင်မိပါတယ်''။

ဖတ်ဖတ် နေရတဲ့အဖြစ်အပျက်တွေ။ ကြည့်ကြည့်သိနေရတဲ့ခံစား လာရမှုတွေ...ဆိုတာဟာဘာလဲ။

ဘယ်မှာသန္ဓေ တည်လာခဲ့။

စဉ်းစားစရာတွေနဲ့အတူ...။

အဲသလိုဖြစ် မှုပျက်မှုမျိုးတွေထဲမှာ နှစ်ဦးနှစ်ဖက်။ အဲသလိုနှစ်ဦးနှစ် ဖက်ကိုပဲ အဓိပ္ပာယ်ဖွင့်ယူလိုက်ရင် အောက်ပါအမည် နှစ်မျိုးကို စတင်ထိတွေ့လာရပါလိမ့်မယ်။

တစ်မျိုးက ''အိမ်ဖော်''။ နောက်တစ်မျိုးက''အိမ်ကြီးရှင်''။

(၁)အိမ်ကြီးရှင်ဆိုတာက ကိုယ် နဲ့ကိုယ့်မိသားစုဘဝကို အတော် အသင့် တည်ထောင်ဆောက် တည်ထားနိုင်ပေမယ့် လည်း အောက်ခြေ သိမ်း အလုပ်တွေကို တော့ (ဥပမာ-အိမ် သန့်ရှင်းရေး၊ က လေးထိန်း၊ နှိပ်နယ် ပေး၊ နင်းနယ်ပေးရ၊ အဝတ်လျှော်၊ မီးပူတိုက်၊ လူမမာ အတွက် ဝေယျာဝစ္စ...စသည်) သူတို့ကိုယ်တိုင်ကိုယ် ကျမလုပ်နိုင်၊ မလုပ်ချင်လို့များပေပဲလား။ ကိုယ်ပိုင် လွတ်လပ်စွာနေလိုချိန်တွေ များများစားစားရချင်တာ လည်းပဲ အကြောင်း တစ်ကြောင်းတည်းမှာ ပါဝင်နေပေ လိမ့်မည်။
အကြောင်းကြောင်းတွေကြောင့် အိမ်ကြီး ရှင်တွေဟာ လူတစ်ဦးဦးကို (များသောအားဖြင့်ပျိုရွယ် ဖျတ်လတ်နေသော မိန်းကလေးဖြစ်ရပါလိမ့်မည်)။ လတစ်လမှာ ဘယ်လောက်ငွေကြေးပေးမယ်...အ ထောက်အပံ့ယူလေ...ယူစေ...စတဲ့ မိတ်ဆက် ငွေကြေးကို အခြေပြုလိုက်ရာကနေ...။
အဲဒီအခါမှာ အဲသလိုမိန်းကလေးဟာ အိမ် ကြီးရှင်တို့ရဲ့အိမ်မှာ ငှားရမ်းအလုပ်ဝန်ထမ်းဘဝ ကျ ရောက်သွားပါတယ်။ အိမ်ဖော်ဘဝ ဒီ့ထက်ဒီ...'အိမ် အိပ်အိမ်စား'ဖြစ်လာဖြစ်သွားရတော့တာပါပဲ။

(၂) အင်္ဂလိပ်ဝေါဟာရအရတော့..servant, maidservant, serve, server လို့ ခေါ်လေ့ခေါ် ထရှိတတ်ပါတယ်။ ချုံ့ပြီး...တွဲယှက်ပြီး အ နက်အဓိပ္ပာယ်ဖွင့်ကြည့်ရင်တော့...အစေခံ၊ အခစား၊ အိမ်ဖော်မကလေး၊ အစေပါးခံသည်၊ အမှုထမ်းသည်၊ ဖြစ်မြောက်အောင် ကူညီဆောင် ရွက်သည်။ တစ်နည်းနည်းဖြင့်စီမံပေးသည်။ ပန်း ကန်ပြား၊ အမှုထမ်းသူ ရောက်ရှိနေရာဘဝရဲ့ကိုယ်စား ဖြစ်ခဲ့ပြီမို့ အတော့်ကိုကျယ်ဝန်းသွားပါလိမ့်မယ်။

ဟိုးခေတ် ဟိုးရာစုတွေတုန်းကဆိုရင်..Slave, Slavery, Slavish ဆိုတဲ့ ဝေါဟာရကလည်း သူ့ခေတ်ကာလ အဲသလိုကာလကနေ ပေါက်ဖွားလာတဲ့ ရည်ညွှန်းစကားလုံး...။ ဘယ်ကလောက်များ ရင်နာ စရာ၊ ကျောနာ၊ ဘဝနာစရာ ကောင်းလိုက် လေမလဲ...။ ငွေဝယ်ကျွန်၊ အလုပ်ပင် ပန်းစွာလုပ်သည်။ ကျွန်ဘဝ၊ ကျွန်ရောင်းကျွန်ဝယ်စနစ်။ ကျွန်နှင့်တူသော ကျွန်စိတ်ရှိသော၊ ကိုယ်ပိုင်ဥာဏ်မရှိ သော...။

'ကျေးပိုင်ကျွန်ပိုင်ခေတ်/စနစ်' လို့တောင် ကမ္ဘာ့သမိုင်းမှာ ပေါ်ထွန်းနေရာယူသွားခဲ့ဖူးပါရဲ့။ အဲ သလိုအုပ်ချုပ်မှုမျိုးထဲမှာ အာဏာနဲ့ငွေကြေးဟာ ပေါင်း စုံစီးဆင်းသွားခဲ့ပါတော့တယ်...။

(၃) ကျွန်တော်အခုရေးနေတဲ့ 'တော်ကြပါတော့ ဗျာ အတုံ့အလှည့် ဘဝအဆက်ဆက်'မှာ အိမ်ကြီးရှင် နဲ့အိမ်ဖော်မလေးတို့ဆိုတာ ဘာလဲ။ ဘာလဲဆိုတာကိုပဲ အနက်အဓိပ္ပာယ် ဖွင့်ပြလိုခြင်းများထက် အိမ်ကြီးရှင် တချို့က အိမ်ဖော်မကလေးတချို့အပေါ်မှာ ထားတဲ့ စိတ်ထားနဲ့ လုပ်တဲ့ လုပ်ရပ်တွေထဲက တချို့အိမ်ကြီးရှင် တွေဆိုရင် အိမ်ဖော်မလေးတွေကို ကိုယ့်သားသမီးလို စောင့်ရှောက်သဘောထားပြီး ကျောင်းထားပေးတာ တို့...၊ စက်ချုပ်သင်တန်း တက်ခိုင်းစေတာတို့...အဲ သလိုကောင်းမှုမျိုးတွေကိုလား။ ကျွန်တော်တို့ကြိုဆိုကြ ရမှာပါပဲ။ သာဓုအကြိမ်ကြိမ်ခေါ်ကြရမှာပါ။

အိမ်ဖော်မ လေးတွေထဲက စိတ်ထားမကောင်းတဲ့ အကျင့်စာရိတ္တ ယိုယွင်းတာမျိုးလည်း   တွေ့ကြရ၊ မြင်ကြရတတ်ပါတယ်။ ဒါမျိုးကျတော့လည်း ကျွန်တော်က မထောက်ခံပါဘူး။ အဆိုးအညစ်တွေကိုတော့ ကျွန်တော့်အနေနဲ့ မနှစ်မြို့ လက်မခံချင်မိတာအမှန်ပါပဲ။ ဘယ်လောက်ထိဆိုးရွား တတ်ပါသလဲဆိုရင် အိမ်ကြီးရှင်က သူ့စိတ်နဲ့အခန့်မသင့် ရင် အလွဲလွဲအမှားမှား လုပ်မှုတွေထဲက အိမ်ဖော်မလေး ရဲ့ရင်သား၊ တင်သားတွေကို တွန့်ကြေအဝတ်တွေအပေါ် မီးပူနဲ့တိုက်သလို ရက်စက်ယုတ်မာတာမျိုး...။

တချို့ကျတော့ အိမ်ထဲမှာချည်းပဲ အချိန်ကို ကုန်ခိုင်းပြီး ကြံချောင်းကို ကြံဖတ်ဖြစ်သွားသည်အထိ ညှစ်ယူသလိုမျိုး အိမ်အပြင်ကိုမထွက်ခိုင်းတော့ဘဲ ပြင်ပ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားတာမျိုး (ထောင်ကျတာ ကမှ ထောင်ဝင်စာလာတွေ့သူနဲ့ ဆုံခွင့်ရပါသေးတယ်)။

အိမ်ဖော်မလေးကို ကြိုးနဲ့တုပ်ပြီး ကြာပွတ် ဖြစ်ဖြစ်...ကြိမ်လုံးနဲ့ဖြစ်ဖြစ် ရိုက်နှက်သွေးထွက်သံ ယို...ဒီမှာပဲ အသက်ပျောက်သွားရတာမျိုးကလည်း မနည်းမနောပါပဲလား..။ အဲသလိုရက်စက်ယုတ်မာ မှုမျိုးကို Media (ဆက်သွယ်ရေးလမ်းကြောင်း)တွေမှာ မကြာခဏလိုကို တွေ့မြင်ဖတ်လာကြရ..တုန်လှုပ်လာ ကြရ..အော့နှလုံးနာလာကြရ.. ဒါဟာ ကမ္ဘာမြေပြင် ပေါ်မှာ မလိုလားအပ်ဆုံးအရာတွေထဲက ဖြစ်နေမှုပျက် နေမှုပါပဲ။

ကမ္ဘာ့အလုပ်သမား(မေ-၁)နေ့ အလုပ်သ မားတွေ အလုပ်ချိန်ရှစ်နာရီ တောင်းဆိုအောင်မြင်ခဲ့ကြ ပေမယ့် ဆိုးရွားတဲ့အိမ်ကြီးရှင်တွေရဲ့ လက်အောက်ခံ အိမ်ဖော်မလေးတွေခမျာမှာတော့ အိပ်ရေးဝဝမအိပ်ရ။ အဆူအငေါက်တွေနဲ့ ခေါက်တုံ့ခေါက်ပြန်လှုပ်ရှားနေ ရ။ ဘယ်ကမလဲ ရှစ်နာရီ...။ တစ်ခါတစ်ရံ အိမ်ဖော်မ လေးတွေ အိမ်ကြီးရှင်(ယောက်ျား)ရဲ့ ခြေတော်တင်ခံကြ ရတာတွေကလည်း မကြားချင်မဆုံး၊ မမြင်ချင်မဆုံး... မဆုံး...မဆုံး။

ကျွန်တော် ကဗျာဆရာတစ်ယောက်ပါ။ ၁၉၆၉ ခုနှစ်လောက်ဆီက 'အလွှာနှစ်ခု၏စပ်ကြားမှာ' ကဗျာတစ်ပုဒ်ကို တိုတိုတုတ်တုတ်ပဲရေးခဲ့ဖူးပါရဲ့။ အိမ် ဖော်မလေးတွေ အဖျက်အဆီးခံဘဝလေးတွေဘက်က နေပြီး နာနာကြည်းကြည်း ခံစားမိရာကနေ အောက်ပါအ တိုင်းရေးဖြစ်သွားခဲ့ပါတယ်။

ကဗျာရဲ့လှိုင်းဟာ ၂ဝ၁၄ နှစ်ဆယ်ရာစုမှသည် နှစ်ဆယ့်တစ်ရာစုဆီအထိ ရိုက် ခတ်ထိမှန် ပဲ့တင်သံဖြစ်နေတုန်းပါပဲလား။ ခွေးသည်အိပ်ငိုက် အိမ်စေရှိုက်လျှင်လူကိုက်နေကြောင်း သိနိုင်သည်။

အိမ်ဖော်မလေးတွေရဲ့ဘဝ ဒီနောက်အိမ်ကြီး ရှင်တချို့တို့ရဲ့ ဆိုးရွားစွာ ရပ်တည်သွားတတ်မှုမျိုးကိုလည်း ပဲအကျဉ်းမျှလောက်တော့ ကျွန်တော်ရေးပြခဲ့ပြီးပါပြီ။ ကျွန်တော့်အနေဖြင့် ရိုးသားစွာဝန်ခံရပါလျှင် အရုပ်ဆိုး အကျည်းတန်သောမြင်ကွင်းမျိုးထက် သိမ်မွေ့ယဉ်ကျေး သောအလှဓာတ်များကိုသာ ခရီးဦးကြိုဆိုချင်ပါသည်။

(၄)အခုရေးနေတဲ့ 'တော်ကြပါတော့ဗျာ အတုံ့ အလှည့်ဘဝအဆက်ဆက်'ဆောင်းပါးထဲမှာ ''ဘုရားရှင် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းစံ ပျော် သီတင်းသုံးနေတော်မူစဉ်အခါကာလက ဖြစ်ပျက် ခဲ့ရာ'ရဇ္ဇုမာလာဝိမာနဝတ္ထု'ဇာတ်ကြောင်းနဲ့ အဲဒီဇာတ် ကြောင်းထဲက တစ်ဦးချင်းပုံရိပ်တို့ကို ကိုးကားဖြည့်စွက် ယူလိုက်မိပြန်ပါပြီ..''။

အကြောင်းနှင့်အကျိုးဆက်စပ် နေတတ်ပါလားဆိုသည်ကိုလည်း တွေ့ရှိလာရပါလိမ့် မည်။ 'ဂယာ'လို့အမည်ရတဲ့ ရွာငယ်လေးတစ်ရွာရှိတယ်။ ပုဏ္ဏားရဲ့သမီးလေးတစ်ယောက်ဟာ သူကြွယ်ပုဏ္ဏားတစ် ယောက်ရဲ့ သားနဲ့ထိမ်းမြားလက်ထပ်တယ်။

ဒီနောက်မှာတော့ အဲဒီမိန်းကလေးဟာ လင်ယောက်ျားရဲ့ အိမ်ကိုလိုက်ပါနေထိုင်..။ ဒီမှာပဲ 'ရဇ္ဇုမာလာဝိမာနဝတ္ထု'ဟာအ ခြေတည်လာရတာပါပဲလား။ သူကြွယ်ကြီးရဲ့သားနဲ့ အိမ် ထောင်ကျလာတဲ့ချွေးမဟာ အဲဒီအိမ်မှာ အခိုင်းအစေဖြစ်နေတဲ့ ကျွန်မရဲ့ သမီးလေးကို မြင်မြင်ချင်းပဲစတင်အမုန်းပွား၊ သည်းညည်းမခံနိုင်လောက်အောင်ဖြစ်တော့တယ်။
အမျက် ဒေါသတွေနဲ့ဆဲရေး ကြိမ်းမောင်းတော့တယ်။ ပြီးတော့ သူကြွယ်သူဌေးကြီးရဲ့သားနဲ့အိမ် ထောင်ကျနေတဲ့ချွေးမဟာ ကျွန်မရဲ့သမီးလေးကို အကြောင်းမဲ့သက်သက် ဆံပင်တွေကို ဆွဲဆောင့်၊ စားသောက်ဖွယ်ပေးဖို့နေနေသာသာ လက်သီး၊ ဒူး၊ တံထောင်၊ ခဲတုတ်(ဒုတ်)တို့နဲ့သာ အမြဲမပြတ် ပုတ်ခတ်ရိုက်နှက်ညှဉ်းဆဲလေ့ရှိပါရော့လား။
ဒီအခါမှာ မိခင်ဖြစ်တဲ့ကျွန်မဟာ သူ့သမီးလေးရဲ့ဆံပင်တွေကို သူကြွယ်ပုဏ္ဏား ကြီးရဲ့ချွေးမက လက်နဲ့ဆွဲဆွဲဆောင့်နှိပ်စက်နေတာကို မြင်မြင်လာရတော့ သူ့သမီးလေး ရဲ့ဆံပင်တွေကို သင်တုန်းဓားနဲ့ ရိတ်ပေးထားလိုက်ပါတော့တယ်။

ဒီမှာပဲ သူကြွယ်သူဌေးကြီးရဲ့ချွေးမဟာ ''ဟယ်...ကျွန်ယုတ်မသမီး..နင်ဟာ သင်တုန်းဓားနဲ့ နင့်ရဲ့ဆံပင်တွေကို ရိတ်လှီးပစ်..ခေါင်းတုံးလိုက်ကာမျှနဲ့ နင်ငါ့လက်က လွတ်နိုင်မည်လော'' လို့ ကျွန်မရဲ့သမီးလေးရဲ့ ဦးခေါင်းကို အမြဲတစေ ကြိုးနဲ့ ချည်နှောင် ထားလိုက်ပြန်တယ်။ သွားလေရာရာ ကျွန်မရဲ့သမီးလေးဦးခေါင်းကို နောက်ကနေလိုက်လံ ရိုက်ပုတ်ညှဉ်းဆဲအမြဲတမ်းလိုလိုပါပဲ။

ဒီမှာပဲ ကျွန်မရဲ့သမီးလေးအမည်ဟာ သူမ ခံစားနေရရှာတဲ့ သူမရဲ့ပုံရိပ်ဖြစ်သွား တော့တယ်။ လူတိုင်းက'ရဇ္ဇုမာလာ'။

''ကြိုးဖြင့်အမြဲတစေချည်နှောင်ခံထားရသော ဦး ခေါင်း..''လို့ အဓိပ္ပာယ်ယူနိုင်တဲ့နာမည်ပါ။

နောက်ဆုံးတော့ ရဇ္ဇုမာလာကလေးမလေးဟာ နေ့စဉ်နေ့တိုင်းပဲ အိမ်ကြီးရှင် ချွေးမရဲ့အနှိပ်အစက်ကိုခံရပေါင်းများတော့..''ငါကား ဤသို့ဆင်းရဲစွာအသက်ရှင်ခြင်း ဖြင့် အဘယ်အကျိုးရှိအံ့နည်း''လို့ ကိုယ့်ဘဝကိုယ် ငြီးငွေ့စက်ဆုပ်လွန်းရာကနေ ကိုယ့် လည်ပင်းကိုယ် ကြိုးကွင်းစွပ်ပြီးသတ်သေဖို့ရာ တောအုပ်ထဲသို့ဝင်သွားတော့တယ်။

ဒီမှာပဲဘုရားရှင်ဟာ နံနက်မိုးသောက်တဲ့အခါ မဟာကရုဏာသမာပတ်ကထ တော်မူပြီး လောကကြီးကိုကြည့်တော်မူလိုက်ရာကနေ ရဇ္ဇုမာလာမည်တဲ့ ကျွန်မရဲ့သမီးလေး ဟာ သောတာပတ္တိဖိုလ်၌ တည်လတံ္တ့သော အားကြီးသောအကြောင်းကိုရော၊ ရဇ္ဇုမာလာ လေးကို နှိပ်စက်နေတဲ့ သူကြွယ်သူဌေး ပုဏ္ဏားကြီးရဲ့ချွေးမဖြစ်သူတို့ရဲ့ သရဏဂုံသီလတို့၌ တည်တံ့လာနိုင်သောအကြောင်းကိုရော မြင်တော်မူရာကနေ ဘုရားရှင်ဟာ တောထဲကို ဝင်ပြီးတစ်ခုသော သစ်ပင်ရင်းမှာ ခြောက်ဖြာသောရောင်ခြည်တို့ကို လွှတ်တော်မူလို့ ထက်ဝယ် ဖွဲ့ခွေထိုင်နေတော်မူလိုက်တယ်။

ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့တောထဲကို ဝင်လာလိုက်တဲ့ ရဇ္ဇုမာလာလေးဟာ ဘုရားရှင်တော်မြတ်ကိုဖူးမြော်ခွင့်ရလိုက်ရာကနေ ဘုရားရှင်တော်မြတ်ရဲ့ အစဉ်အတိုင်း တရားစကားတွေနဲ့အတူ 'သစ္စာလေးပါးတရားတော်'ကို နာကြားခွင့်ရလိုက်.. ဒီမှာပဲ ကျွန်မရဲ့သမီးလေးရဇ္ဇုမာလာဟာ အခံဓာတ်ပါရမီကိန်းဝပ်နေသူတစ်ဦးဖြစ်နေတော့ သော တာပန်ဖြစ်သွားတယ်။ ဖရိုဖရဲပြိုကွဲကျရောက်စေတတ်တဲ့ အပါယ်ဘုံကိုလည်း မကျရောက် နိုင်တော့တဲ့ သည်းခံခြင်း၊ မေတ္တာထားခြင်း၊ သနားခြင်းတွေနဲ့ပြည့်စုံသူ ဖြစ်လာရပါတော့တယ်။

(၅)ရဇ္ဇုမာလာလေးရဲ့နောက်ကြောင်းပြန်ဘဝကို ရှင်တော်မြတ်ဘုရားက ရဇ္ဇုမာလာ လေးကို ပြန်မြင်လိုက်စေတယ်။
အခုဘဝမှာ အနှိပ်စက်ခံကျွန်မရဲ့ သမီးလေး ရဇ္ဇုမာလာဟာတစ်ဘဝတုန်းက ကဿပဘုရားရှင် လက်ထက်တော်တုန်းက သူဌေးသမီးဖြစ်ခဲ့ပြီးအခုဘဝမှာ သူ့ကိုနှိပ် စက်နေတဲ့ သူကြွယ်ပုဏ္ဏားကြီးရဲ့ချွေးမကတော့ ကျွန်မပေါ့..။ အဲဒီကျွန်မကို အခုဘဝမှာ ရဇ္ဇုမာလာနှိပ်စက်ခံနေရသလို ရဇ္ဇုမာလာကလည်း အရင်ဘဝမှာ နှိပ်စက်ခဲ့သူဖြစ်ခဲ့တယ်။ ထိုဘဝမှာ ထိုကျွန်မဟာ တတ်စွမ်းသမျှ ဒါနသီလရှိကုန်သော ကုသိုလ်ကောင်းမှုတို့ကိုပြုပြီး ''ငါ့အား နှိပ်စက်ခဲ့သော ဤအိမ်ရှင်မရဲ့အပေါ် ပြန်လည်ညဉ်းဆဲနှိပ်စက်နိုင်ရပါလို၏''လို့ ဆုတောင်းခဲ့တာကိုး။ အရင်ဘဝက သူဌေးသမီးကျွန်မကို နှိပ်စက်ခဲ့သူ။ အခုဘဝမှာတော့ ကျွန်မရဲ့သမီး ရဇ္ဇုမာလာဖြစ်လာရပြန်။

သူဌေးကြီးရဲ့ချွေးမဘဝနဲ့ အရင်ဘဝက အကြွေး ကိုဆပ်ဖို့ ရဇ္ဇုမာလာခမျာ   ပြန်လည်တုံ့ပြန်ကလဲ့စား အချေခံရ။ ကျိန်စာသင့်တယ်လို့တောင် ပြောရင်ရမလား မသိဘူးနော်။ ဘယ်ကလောက်   ကြောက်မက် ဖွယ်ကောင်းတဲ့    ဆုတောင်း တွေပါလိမ့်လဲနော်။

(၆) အသိဥာဏ်ရှိကြပါတယ်ဆိုတဲ့ လောကလူသားအချင်းချင်း..(လူသားအချင်းချင်း သာမက တိရစ္ဆာန်တွေအပေါ်မှာလည်းပဲ သန့်ရှင်းစင်ကြယ်တဲ့ ကိုယ်ချင်းစာနာစိတ်တွေ ထားကြရမှာပဲမဟုတ်လား) နိုင့်ထက်စီးနင်းအကြမ်းဖက်မှုမျိုးတွေ၊ ငါ၊ ငါနဲ့ ငါ့ဆွေမျိုး ငါ့အုပ် စု ငါ့အဖွဲ့က အပေါ်စီးရနေပြီပဲဆိုတာမျိုးတွေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုမျိုးတွေကို ရှောင်ရှားကြ ပြီး အပြန်အလှန်လေးစား၊ အတူတကွဖူးပွင့်ကြပြီး တစ်ဦးကိုတစ်ဦး လုံခြုံမှုပေးနိုင်ကြတဲ့ တရားသဘောတွေနဲ့ ဤကမ္ဘာမြေပြင်ပေါ်မှာ အခြေခံစိတ်မျိုးထားနိုင်ကြမယ်ဆိုပါလျှင်..။

(၇)'တော်ကြပါတော့ဗျာ အတုံ့အလှည့်ဘဝအဆက်ဆက်'ဆောင်းပါးကို အင်္ဂလိပ် စာဆိုကြီး ရှယ်လီရေးခဲ့သော စာပိုဒ်တစ်ပိုဒ်ဖြင့်သာလျှင် ကျွန်တော် အဆုံးသတ်နိဂုံးချုပ် လိုက်နိုင်ပါပြီ။

သင်တို့...ကျွန်ုပ်တို့ ...များစွာသောလူသားတို့...''လူတစ်ယောက် ကောင်းမြတ်ဖို့ရန် လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့်တွေးရပေမည်။  သူတစ်ပါး၏နေရာ၊ လူအများ၏နေရာမှာ မိမိကိုယ်ကိုထားကြည့်ရမည်။ လူသားတို့ ခံစားရသော ဒုက္ခသုခတို့သည် မိမိတို့ကိုယ်ကိုထားကြည့်ရမည်။ လူသားတို့ခံစားရသော ဒုက္ခသုခတို့ သည် မိမိ၏ ဒုက္ခသုခများဖြစ်လာစေရမည်။ စိတ်ထားကောင်းမွန်ရေး၏ အကြီးမားဆုံး ကိရိယာသည် စိတ်ကူးအတွေးအခေါ်ပင်ဖြစ်သည်။

TheFlowerNews

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...