Tuesday, October 28, 2014

ဟာဝိုင်အီတွင် ချော်ရည်များ ကျဆင်း၍ ရွှေ့ပြောင်းရန်သတိပေး



ဟာဝိုင်အီကျွန်းပေါ်ရှိ ကီလူအာ မီးတောင်မှ ချော်ရည်ပူများ ကျဆင်းလာသည့် အတွက် အနီးရှိ ကျေးရွာတစ်ရွာမှ ရွာသူရွာသားများကို ရွှေ့ပြောင်းရန် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ချော်ရည်ပူများ ကျဆင်းလာသည့် ဧရိယာသည် အကျယ်အားဖြင့် မီတာ ၁၄၀ (၄၅၉ ပေ) ရှိပြီး တစ်နာရီ ၉ မီတာ (ပေ ၃၀) နှုန်းဖြင့် ကျဆင်းလာနေကြောင်း ဒေသန္တရမီးတောင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မီးတောင်များသည် ဇွန်လကပင် စတင်ကျဆင်းလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အပျော်တမ်းရိုက်ကူးထားသည့်ဗီဒီယိုများတွင် ဖြည်းညင်းစွာ ရွေ့လျားလာနေသော ချော်ရည်ပူများ

ကိုလည်းကောင်း၊ ချော်ရည်ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် အပင်များ မီးလောင် ကျွမ်းနေပုံကိုလည်းကောင်း တွေ့မြင်ရသည်။

Ref: NHK
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...