Tuesday, October 28, 2014

တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်ကို သေဒဏ်ပေးဖို့ တောင်းဆို





တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်ကို သေဒဏ်ပေးဖို့ တောင်းဆို လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား ဖယ်ရီ သင်္ဘောရဲ့ ကပ္ပတိန်ကို သေဒဏ် ချမှတ်ဖို့ အစိုးရ   ရှေ့နေတွေက တောင်းဆိုနေကြပါတယ်။

လူသတ်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ ကပ္ပတိန် Lee Joon-Seok ဟာ သူ တာဝန်ယူ ကြီးကြပ်ရတဲ့ တာဝန်ချိန် အတွင်း သင်္ဘော နစ်မြုပ်စဉ်မှာ ခရီးသည်တွေကို ထားခဲ့ပြီး သူက ထွက်သွားခဲ့တယ်လို့ အစိုးရ   ရှေ့နေတွေက ပြောပါတယ်။

ေ  သေဆုံးခဲ့သူ အများစုဟာ လေ့လာရေး ခရီးထွက် လာကြတဲ့ ဆယ်ကျော်သက် အရွယ် ကျောင်းသား ကလေးတွေ ဖြစ်ကြပါတယ်။သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ကပ္ပတိန် Lee Joon-seok တစ်ယောက်တည်း သာမက ကျန်တဲ့ သင်္ဘော အဖွဲ့သား ၅ ယောက်ကိုပါ သေဒဏ် ပေးစေချင်နေ
တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရ ရှေ့နေတွေက ကပ္ပတိန် တစ်ယောက်တည်းကိုသာ သေဒဏ်ပေးပြီး ကျန်တဲ့ သင်္ဘော အဖွဲ့သား ၃ ယောက်ကို ထောင်ဒဏ် တစ်သက်သာ ပေးဖို့ ပြောပါတယ်။တောင်ကိုရီးယားမှာ နှစ်ပေါင်း
၂၀ အတွင်း ကွပ်မျက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုးလ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




BBC

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...