မာလီနိုင်ငံတွင် အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အီဘိုလာရောဂါဖြင့် သေဆုံးခဲ့ပြီးနောက် ၄င်းခရီးသွားခဲ့သည့် လမ်းကြောင်းမှတစ်ဆင့် ကူးစက်ခံရမှုရှိမရှိ အရေးပေါ်စစ်ဆေး မှုများ ပြုလုပ်နေရ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယနေ့ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါကလေးငယ်သည် ဂီနီရာနိုင်ငံ မှလိုင်းကားစီး၍ ပြန်လာခဲ့ကြောင်း၊ ၄င်း ဖြတ်သန်းခဲ့သည့် ခရီးအရှည်မှာ ကီလို မီတာရာပေါင်းများစွာရှိကြောင်း၊ မာလီ နိုင်ငံအတွင်း ဖြတ်သန်းချိန်တွင် ရောဂါ လက္ခဏာများကို စတင်ပြ သနေပြီဖြစ် ကြောင်း WHO က သတင်းထုတ်ပြန်ထား သည်။
WHO ၏တွက်ချက်မှုများအရ အဆိုပါကလေးငယ်မှတစ်ဆင့် ရောဂါ ကူးစက်ခံရမည် ကိုစိုးရိမ်၍ အရေးပေါ်ဆေး စစ်သူလူပေါင်း ၄ဝ ကျော်ရှိကြောင်း သိရသည်။ အဆိုပါကလေးငယ်သည် အီဘိုလာဝေဒနာခံစားရင်း ကီလိုမီတာ ၁ဝဝခန့်ခရီး သွား ခဲ့သူဖြစ်သည်။
''လိုင်းကား နဲ့ခရီးသွားစဉ်အတွင်း ကလေးရဲ့ရောဂါ အခြေအနေဟာ အင်မတန်စဉ်းစားဖွယ်ရာ ပါ။ လူတော်တော်များများကို ကူးစက်နိုင် ပါတယ်'' ဟု WHO က သတင်းထုတ်ပြန် ထားသည်။
0 comments:
Post a Comment