
သာသနာရေးဝန် ကြီးဟောင်း ဦးဆန်းဆင့်ကို တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်က ပြစ်မှုများ ရုပ် သိမ်းပေးရန် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုး တောင်းဆို သည့် ကိစ္စရပ်အား နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတရားသူကြီးချုပ်ထံသို့ သ၀ဏ်လွှာပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
သံဃမဟာနာယက(မဟန) ဆရာတော်ကြီးများ၊ တိပိဋက ဆရာတော်ကြီးများနှင့် သံဃာ တော်များ၊ ဧရာဝတီတိုင်းဒေသ ကြီးမှ ပြည်သူ ၁,၀၀၄ ဦး၏ လက် မှတ်ထိုးမေတ္တာရပ်ခံချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ တောင်းဆိုသည့် အချက်များစုပေါင်း၍ အောက်တိုဘာ၁၅ ရက် စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
သ၀ဏ်လွှာတွင် လွှတ်တော် နာယကက မိမိအား ပေးပို့လာ သော အဆိုပါမေတ္တာရပ်ခံချက် များကို စုစည်း၍ ပေးပို့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တရားစွဲဆိုခြင်းကို တရားစီရင် ရေးအဖွဲ့အစည်းများမှ စစ်ဆေး တရားစီရင်ရခြင်းဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အား ရှင်းလင်းပြောကြားထားပြီး ဖြစ်ကာ ဆရာတော်သံဃာတော် များအားလည်း သင့်လျော်သည့် နည်းလမ်းဖြင့် လျှောက်ထားသွား မည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
‘‘သူဟာအပြောင်းအလဲတွေ ကို လုပ်ဆောင်တဲ့နေရာမှာ ပါဝင် ခဲ့သူဖြစ်ပါတယ်။ ပြောရရင် အ ပြောင်းအလဲတွေကို အတူတူ လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါ တယ်။ အဲဒါကြောင့် သူ့လိုလူမျိုး ကို အလဟဿ မဖြစ်စေချင်တဲ့ အတွက် အခုလိုလက်မှတ်ရေးထိုး တောင်းဆိုရခြင်းဖြစ်ပါတယ်။ ဦး ဆန်းဆင့်နဲ့လည်း မရင်းနှီးပါဘူး။ သူ့အပေါ်မှာ ချစ်ခြင်း၊ မုန်းခြင်း လည်းမရှိပါဘူး’’ ဟု ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ဦး ခိုင်မောင်ရည်ကပြောသည်။
ယင်းကဲ့သို့ တရားစွဲဆိုထား ခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်သည့် အစိုးရအဖွဲ့၏ ပုံရိပ်ကောင်းနှင့် ဂုဏ်သိက္ခာကို ထိခိုက်မှုဖြစ်ပေါ် စေနိုင်ပြီး ငွေကြေးအလွဲသုံးစားမှု ဖြင့် ၀န်ကြီးတစ်ဦးတည်းအား တရားစွဲဆိုအရေးယူခြင်းမှာ ပုဂ္ဂ လိက ပုဂ္ဂိုလ်ရေးဆန်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး တောင်းဆို သည့်စာတွင်ဖော်ပြထားသည်။
လက်မှတ်ရေးထိုး တောင်း ဆိုရာတွင် လွှတ်တော်တွင် ရောက်ရှိနေသည့် ပါတီ ၁၇ မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ခိုင်ဖြိုး၊ NLD အပါအ၀င် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များကပါ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြခြင်း ဖြစ် သည်။
အဆိုပါအမှုကိစ္စအား နေ ပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် တစ်ပတ်လျှင် နှစ်ကြိမ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ယခုလ ၁၄ ရက် ရုံးချိန်းတွင် နှစ်ဖက်အပြီးသတ်လျှောက်လဲမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ အမှု၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ယနေ့တွင် အမိန့်ချမည်ဖြစ်သည်။
7 Day Daily
0 comments:
Post a Comment