Thursday, October 16, 2014

ကုလသမဂ္ဂပိုင် စာသင်ကျောင်း ပစ်ခတ် ခံရ မှုနှင့် စပ်လျဉ်း၍ ဘက် မလိုက်သည့် စစ်ဆေး မှုများကို လုပ်ဆောင် သွားရန် ဘန်ကီမွန်း တိုက်တွန်း



ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂပိုင် စာသင်ကျောင်း တစ်ကျောင်းကို အစ္စရေးက အမြောက်ဖြင့် ပစ်ခတ်မှုနှင့်စပ်လျဉ်း၍
ဘက်မလိုက်သည့် စစ်ဆေးမှုများကို လုပ်ဆောင်သွားရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အောက်တို ဘာ ၁၄ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဂျာဘာလီရာမြို့ရှိ အဆိုပါ ကုလသမဂ္ဂ စာသင်ကျောင်းသည် ဇူလိုင် လ နှောင်းပိုင်းက အမြောက်များဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် စာသင်ခန်းနှစ်ခန်း ပျက်စီးခဲ့ပြီး စာသင် ကျောင်းအတွင်း၌ ခိုလှုံနေသော ဒေသခံ ၂ဝ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘန်ကီမွန်းသည် အဆိုပါ စာသင်ကျောင်းနှင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများသို့ အောက်တိုဘာ ၁၄ ရက်က အလည် အပတ် ရောက်ရှိခဲ့ပြီးနောက် ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ၎င်း က ထပ်မံ တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...