Sunday, October 26, 2014

ထိုင်းနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် စေ့စပ် ညှိနှိုင်းရေးမှူး ခန့်အပ်



ထိုင်းအာဏာပိုင်များသည် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက် ရှိသော နိုင်ငံ တောင်ဘက်ပိုင်းရှိ ခွဲထွက်ရေး သမားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ရာတွင် ဦးဆောင်နိုင် မည့် စေ့စပ် ညှိနှိုင်းရေးမှူး တစ်ဦးကို ခန့်အပ်ခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝန် က အောက်တိုဘာ ၂၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

စစ်ဘက် အကြံပေး အဖွဲ့၏ စေ့စပ် ညှိနှိုင်းရေးမှူး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသော ဗိုလ်ချုပ်ကြီး အက်ဆာရာကာပိုလ်သည် ယခုအခါတွင် ဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ ထံမှ တရားဝင် အမိန့်ကို စောင့်ဆိုင်းလျက် ရှိကြောင်း ဝေါင်ဆူဝန်၏ ပြောကြား ချက်ကို ကိုးကား၍ ဗန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အတွင်းရှိ ယာလာ၊ ပတ်တနီ၊ နရာသီဝပ် ပြည်နယ်တို့နှင့် ဆောင်ခါလာ ခရိုင် လေးခု အပါအဝင် နိုင်ငံတောင် ပိုင်း ဒေသများတွင် အကြမ်းဖက်မှုများသည် ၂ဝဝ၄ ခုနှစ်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုင်းအစိုးရသည် ခွဲထွက်ရေး သမားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...