Monday, October 27, 2014

ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းမဟာဘုံကထိန် စည်ကားစွာ လှည့်လည်


ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းကာ နှစ်စဉ်ဆင်နွှဲကျင်းပသည့် သထုံမြို့၊ ပုဗ္ဗါရုံ ပရိယတ္တိ စာသင်တိုက်ကြီး၏ စုပေါင်း မဟာဘုံကထိန်ကို အောက်တိုဘာလ ၂၅ ရက်၊ ညနေ ၂ နာရီက စတင်ကာ သထုံမြို့အတွင်း စည်ကားစွာဖြင့် လှည့်လည်ခဲ့သည်။

ပအိုဝ်းတိုင်းရင်းသားများ၏ နာယက ဖြစ်တော်မူသော ပုဗ္ဗါရုံ ပရိယတ္တိစာသင်တိုက် ဆရာတော်၏ သြ၀ါဒကို ခံယူကာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလျက် တိုင်းရင်းသား ၀တ်စုံများ တူညီစွာဖြင့် လှူဖွယ်များဖြင့် စည်ကားစွာ လှည့်လည်ကြပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းလှူဒါန်းမှုဖြင့် မဟာဘုံကထိန်ပွဲကို စည်ကားစွာ ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ စာသင်တိုက်ကြီး၏ မဟာဘုံကထိန်ပွဲတော်တွင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် အတွက် ဒေသ အသီးသီးမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေပြီး အောက်တိုဘာလ ၂၆ ရက်တွင် သထုံမြို့နယ် အတွင်းရှိ ကျောင်းတိုက်အသီးမှ သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု များကို ဆက်ကပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...