Lenovo ကုမ္ပဏီမှ ၁၃.၃ လက်မအရွယ်အစားရှိ Yoga Pro 2 တက်ဘလက်အမျိုးအစားကို Pico ပရိုဂျက်တာ နှင့် 8 watt အသံစနစ်ကို subwoofer တို့ပါဝင်သည့် တက်ဘလက်နှင့် Ultra-thin ဒီဇိုင်းဖြင့် ပုံစံထုတ်ထားသည့် Yoga 3 Pro လက်တော့ပ်တို့ကို မိတ်ဆက်ခဲ့ပါတယ်။မျက်နှာပြင် ၁၃.၃ လက်မရှိသည့် Yoga Pro 3 တက်ဘလက်တွင် မျက်နှာပြင်ထောက်ပံ့ပေးနိုင်မှု 2560 x 1440 Pixels အချိုးကို 16 : 9 Pico ပရိုဂျက်တာဖြင့် လက်မ ၅၀ ရှိ ပရိုဂျက်တာမျက်နှာပြင်ကို ရရှိစေပါတယ်။ အဆိုပါ တက်ဘလက်ဟာ ပရိုဂျက်တာအနေနဲ့ တစ်ချိန်တည်းမှာ အသုံးပြုမယ် ဆိုရင်တောင်မှ အနည်းဆုံး ၃ နာရီလောက်အထိကို တစ်ဆက်တည်း အသုံးပြုနိုင်ပါတယ်။
ထို့အပြင် ပရိုဂျက်တာမပါဝင်သည့် ၁၀ လက်မအရွယ်အစားရှိ Yoga 2 တက်ဘလက်ကိုလည်း တစ်ချိန်ထဲ မှာပဲ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ၁၀ လက်မအရွယ် တက်ဘလက်ကတော့ ဈေးနှုန်း ၃၉၉ ဒေါ်လာရှိပြီး Windows OS နှင့် ကီးဘုတ်ပါ တစ်ပါတည်း တွဲယူမည်ဆိုပါက ဒေါ်လာ ၅၇၉ ကျသင့်မှာ ဖြစ်ပါတယ်။
၁၃.၃ လက်မအရွယ်အစား ရှိတဲ့ Yoga Pro 2 တက်ဘလက်ကတော့ ဒေါ်လာ ၇၉၉ ဖြင့် မကြာမီ သြစတြေးလျမှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
Yoga 3 Pro လက်တော့ပ်ကတော့ Yoga Series များ၏ ထုံးစံအတိုင်း ၃၆၀ ဒီဂရီကို လှည့်ပတ်စေနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် ၁၃ လက်မအရွယ်အစား ရှိပြီး ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံ နှင့် စတီ အပိုင်းအစပေါင်း ၈၀၀ ကျော်ကို ပေါင်းစပ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Intel Core M Processor ကို အသုံးပြုထားပြီး 512 GB SSD ကို အသုံးပြုထားပါတယ်။ အဆိုပါ Yoga 3 Pro လက်တော့ပ်ကို ၂၀၉၉ ဒေါ်လာဖြင့် စတင်ရောင်းချမှာ ဖြစ်ပြီး အရောင်တွေကတော့ အ၀ါရောင် ၊ ငွေရောင် နှင့် ရွှေရောင် ဆိုပြီး ၃ မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။
0 comments:
Post a Comment