အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာ အဝေးပြေး ခရီးသည်တင်ကားများ မြို့တွင်းသို့ ဝင်ရောက်လာပါက ယာဉ် မောင်းသူကို လိုင်စင်တစ်နှစ် ပိတ် သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေး ပြေး (မထသ)ကော်မတီမှ သိရသည်။![]()
''မြို့ထဲမှာ ကားကြီးတွေဝင် တော့ ယာဉ်ကြောကျပ်တာတွေဖြစ် လို့ တိုင်းဒေသကြီးအစိုးရက စီမံချက် ထုတ်ပြီး ၁၆ရက်နေ့တည်းက မဝင်ခိုင်း တော့ဘူး။ ဝင်ရင် ယာဉ်မောင်းကိုတစ် နှစ်ပိတ်မယ်''ဟု ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်း စုံထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ (အောင်မင်္ဂလာအဝေးပြေး)မှ ဒုတိယ ဌာနမှူး ဦးမျိုးဝင်းက ပြောသည်။
ယင်းစီမံချက်ကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ပညာပေး ကာလအဖြစ် အောက်တိုဘာ၈ရက် မှ ၁၅ရက်ထိ သတ်မှတ်ခဲ့ပြီး အောက် တိုဘာ ၁၆ရက်မှ စတင်ကာ ဖမ်းဆီးမှု များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယခင်က အဝေးပြေးကားများ မှာ ၁၉၆၄ မော်တော်ယာဉ်အက်ဥ ပဒေအရ မြို့တွင်းသို့ ဝင်ခွင့်မရှိခဲ့ သော်လည်း မြို့တွင်းသို့ ဝင်ရောက် နေပြီး ဆိုးဆိုးရွားရွားဖြစ်လာသဖြင့် ထိုကဲ့သို့ လိုင်စင်တစ်နှစ်ပိတ်သိမ်း သည်အထိ အရေးယူရခြင်းဖြစ်ကြောင်း လည်းသိရသည်။
''၉ရက်နေ့ကစပြီး အောက်မင်္ဂ လာဒုံလမ်းမကြီးမှာ ဟိုက်ဝေးကား တွေ မရပ်ရတော့ဘူး။ လိုက်ဖမ်းတယ်။ ယာဉ်တွေကလဲ ကိုယ်ထည်ကြီးတာ ကို ရပ်ချင်သလိုရပ်တော့ ယာဉ် ကြောပိတ်တဲ့အတွက် ဝင်ခွင့်မပြု တော့တာပါ''ဟု အောင်မင်္ဂလာ အဝေးပြေး စည်ပင်သာယာရေးကော် မတီ၊ လမ်းတံတား အင်ဂျင်နီယာဌာန မှ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော် စိုးမင်းကပြောသည်။
မြို့တွင်းဝင်သည့် စည်းကမ်းဖောက် ဖျက်သည့် အဝေးပြေးယာဉ်လိုင်းများ ကို စည်ပင်သာယာရဲတပ်ဖွဲ့၊ မထသ ရုံးချုပ်နှင့် အဝေးပြေးမှ ဝန်ထမ်း များ၊ စည်ပင်သာယာ လမ်းတံတား ဌာန၊ စည်ပင်သာယာ မြေယာဌာန၊ ယာဉ် ထိန်းရဲတပ်ဖွဲ့ များဖြင့် ပူးပေါင်း ဖမ်းဆီးမှုများ ဆောင်ရွက်နေပြီး စတင် သည့်နေ့မှ အောက်တိုဘာ ၂၃ရက် ထိ ၁၃ စီး ဖမ်ဆီးအရေးယူထား ကြောင်း သိရသည်။
''၁၉၆၄ မော်တော်ယာဉ်အက် ဥပဒေက ဟိုခေတ်တုန်းက ချမှတ် ထားတဲ့ ဒဏ်ငွေအရတော့ များတာ ပေါ့။ အခုခေတ်က အခုဒဏ်ရိုက် တာက မပြောပလောက်ဘူးဖြစ်နေ တယ်။ ဒါကြောင့် ယာဉ်စည်းကမ်း ဖောက်ဖျက်တာတွေ ပိုများနေတယ်။ ဒီဥပဒေပြင်ပြီးသွားရင် လျော့ပါးနိုင် တယ်''ဟု ၅၁ လမ်းရုံးမှ ယာဉ်ထိန်း ရဲတစ်ဦးက ပြောသည်။
အောင်မင်္ဂလာအဝေးပြေးကွင်း သို့ နေ့စဉ် ဝင်ထွက်နေသည့်ယာဉ် ပေါင်း၈ဝဝကျော်ရှိပြီး ဒဂုံဧရာအဝေး ပြေးကွင်းအတွင်း နေ့စဉ်ဝင်ထွက်နေ သည့် ယာဉ်စီးရေ ၄ဝဝကျော်ရှိ ကြောင်း အောင်မင်္ဂလာအဝေးပြေး (မထသအဝေးပြေး)ကော်မတီစာရင်း များအရ သိရသည်။
KSL(MMK)
Democracytoday
0 comments:
Post a Comment