Monday, October 27, 2014

အမျိုးစောင့်ဥပဒေအမြန်ဆုံးရေးဆွဲ အတည်ပြုပေးရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့များစုစည်း







အမျိုးစောင့်ဥပဒေအမြန်ဆုံးရေးဆွဲ အတည်ပြုပေးရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့များစုစည်း၍ အောက်တိုဘာ ၂၅ ရက်နေ့က   ရွှေတိဂုံစေတီတွင်  ဆုတောင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အနာဂတ်အရေးတွင် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးအတွက် အမျိုးစောင့်ပြဋ္ဌာန်းဥပဒေ မရှိသေးကြောင်း၊ အခြားသောဘာသာများဖြစ်သော ခရစ် ယာန်၊ ဟိန္ဒူ၊ အစ္စလမ်ဘာသာ များတွင် ပြဋ္ဌာန်းဥပဒေရှိကြောင်း၊ မြန်မာလူမျိုး များ၌ အမျိုးစောင့်ပြဋ္ဌာန်းဥပဒေမရှိသေး ကြောင်း၊ ၎င်းဥပဒေမရှိသဖြင့် မြန်မာ အမျိုးသမီးများကု လူမျိုးခြား၊ ဘာသာ ခြား စော်ကားချင်သလိုစော်ကား၊
ဝင်ချင် သလိုဝင်၊ ထွက်ချင်သလိုထွက်ပြီး စီးပွား ရေးတွင်လည်း ဂျီဟပ်အလုပ်ခံနေရ ကြောင်း၊ လိင်ပိုင်းဆိုင်ရာတွင်လည်း ဂျီ ဟပ်အလုပ်ခံနေရကြောင်း တိုင်းပြည် တိုင်း၌ ဥပဒေဟာ အသက်သွေးကြောဖြစ် ၍ မြန်မာအမျိုးသမီးများငြိမ်းငြိမ်းချမ်း ချမ်းနေထိုင်နိုင်ရေးအတွက် အမျိုးစောင့် ဥပဒေကို ရန်ကုန်ကနေစပြီးမြန်မာ တစ်နိုင်ငံလုံးဆန္ဒထုတ်ဖော်သွားမည်ဖြစ် ကြောင်း မကွေးပရိယတိ္တကျောင်းဆရာ တော်ဘဒ္ဒန္တပါမောက္ခက မိန့်ကြားသည်။

အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)ဥပဒေအကြံပေး ဦးဟေးပိုင်ကပြောကြားရာတွင်
 မြန်မာ နိုင်ငံတွင်ရှိနေကြသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် လိုအပ်သောဥပဒေ ဖြစ်ကြောင်း၊ ယခင်က အမျိုးစောင့်ဥပဒေ ဆိုသောအမည်ဖြင့် မရှိခဲ့ကြောင်း၊ သို့ သော်လည်း(၅၄)ဥပဒေ ဟုခေါ်သော   မြန်မာမိန်းကလေးအခွင့်အရေးဆုံးရှုံးမှု များကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးသော ဥပဒေတော့ရှိခဲ့ ကြောင်း၊ ၎င်းဥပဒေဖြင့်မလုံလောက်၍ လိုအပ်သောဥပဒေဖြင့်ကာကွယ်ရန် အတွက် တောင်းဆိုရကြောင်းပြောပါ သည်။

မဘသ(ဗဟို) အလုပ်အမှုဆောင် ဦးဟေမြိုင်ကပြောကြားရာတွင် အမျိုး စောင့်ဥပဒေ ၄ ရပ်အား သက်ဆိုင်ရာ လွှတ်တော်နှင့်အစိုးရအဖွဲ့က ဆောင်ရွက် နေကြောင်းသိရသော်လည်း ရှေ့ဆက်ပြီး တိုးတက်လာသောအနေအထားမရောက် သည့်အတွက်ကြောင့် အလျင်အမြန်ဖြစ် လာအောင် လူထုဆန်္ဒ၊ လူထုအသံ၊ လွှတ်တော်ဆန်္ဒ၊ လွှတ်တော်အသံထင် ရှားသွားအောင် ပြည်သူဆန္ဒလှုပ်ရှားမှု ဖြစ်ကြောင်း၊ အစိုးရကိုဆန့်ကျင်ဖို့ လွှတ် တော်ကို ဆန့်ကျင်ဖို့မဟုတ်ကြောင်း ပြောပါသည်။

အရိန္ဒမာ(ဘိုကလေး)
Hot News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...