စာရေးဆရာကြီး ဦးအောင်သင်းသည် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဓမ္မိကဝတီလမ်းရှိ နေအိမ်၌ကွယ် လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး ရုတ်တရက်ကျန်းမာရေးဖောက်ကာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။
မြန်မာစာပေလောအတွက် ဦးအောင်သင်းသည် စာအုပ်များ၊ ရသစာပေဝေဖန်အကဲဖြတ်ချက်များ၊ စာပေဟောပြောပွဲများစွာ ရေးသားခဲ့သော စာရေးဆရာကြီးတစ်ဦးဖြစ်ပါသည်။ ထို့ အပြင် လူငယ်များ ဘဝကို တန်းဖိုးထားချစ်မြတ်နိုးသောသူလည်းဖြစ်ပါသည်။
ဆရာကြီးဦးအောင်သင်း မကွယ်လွန်မှီ စစ်တက္ကသိုလ် ၊ ရန်ကုန်တက္ကသိုလ်တို့ တွင် မြန်မာစာနည်းပြဆရာ၊
လက်ထောက်ကထိကတို့ ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ထို့ ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်မှ သတင်းစာတွင် ဆရာကြီးကွယ်လွန်မူ အပေါ် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲကြောင်းထုတ်ပြန်ရေးသားခဲ့ပါသည်။
ထားဝယ်သား
0 comments:
Post a Comment