ြ မြန်မာဘောလုံး သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရန် လုပ်ဆောင်ပေးခဲ့သည့် မြန်မာ ယူ ၁၉ ဘောလုံးအသင်း၏ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျကို ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းထားကြောင်း ဂတ်ဖရိုင်းဒရစ်ခ်ျက The Voice သို့ ပြောကြားသည်။
၎င်း၏လက်ရှိစာချုပ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ၂ နှစ် သက်တမ်းတိုးရန် စီစဉ်ထားသော်လည်း တရားဝင် လက်မှတ်ထိုးခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“အားလုံးက သက်တမ်းထပ်တိုးဖို့ မျှော်လင့်နေကြတယ်” ဟု ဂတ်ဖရိုင်းဒရစ်ခ်ျက ပြောကြားသည်။
လာမည့် ဒီဇင်ဘာလ ခရစ္စမတ်ကာလတွင် ၁၀ ရက်ခန့် ဘာလင်မြို့ရှိ မိသားစုဆီ ပြန်မည်ဖြစ်ပြီး အိမ်ပြန်ခရီး ပြီးပါက မြန်မာဘောလုံးအသင်း၏ ဥရောပနှင့် အာရှနိုင်ငံများတွင် လေ့ကျင့်ရေး ခရီးစဉ်များကို စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း နည်းပြချုပ်က ရှင်းပြသည်။
ဂတ်ဖရိုင်းဒရစ်ခ်ျသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ ယူ-၁၉ နှင့် ယူ-၂၂ အသင်းတို့တွင် အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူလျက် ရှိသည်။
၎င်းသည် မြန်မာယူ- ၁၉ အသင်းနှင့်အတူ ဘရူနိုင်းဘုရင့် ငြိမ်းချမ်းရေးဖလား ရယူပေးနိုင်ခဲ့ပြီး အာရှ ယူ-၁၉ ချန်ပီယံရှစ်တွင် ဆီးမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆
7 Day

0 comments:
Post a Comment