နေပြည်တော်၊ အောက်တိုဘာ ၁၅
အောက်တိုဘာ ၁၃ ရက်က မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာအဝင် မုခ်ဦးအနီး လမ်းမပေါ်တွင် လောက်ကိုင်မှ ရန်လုံကျေးရွာ ဘက်သို့ လမ်းလျှောက်လာသူ ဝမ်ဖုန်လျှံ အား ရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ် အတွင်းမှ ပစ္စတို သေနတ်တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် ၄၂ တောင့်ပါ စက္ကူဘူး တစ်ဘူး၊ တရုတ်မှတ်ပုံတင်တစ်ခုနှင့် တရုတ် လက်ကိုင်ဖုန်း ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ပါသည်။စစ်ဆေးဖော်ထုတ်ချက်အရ လက်နက်ခဲယမ်းများရောင်းချပေးသူ လောက်ကိုင်မြို့နေ တာ့ယုံ (ခ) လီရှောင်တီးအား ဖုန်းဖြင့် ဆက်သွယ်စေပြီး စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ လောက်ကိုင်မြို့၊ ဘုံခုနှစ်ဆင့် အနီးတွင် ဖမ်းဆီး ရမိသဖြင့် ဝမ်ဖုန်လျှံ (၃၇ နှစ်) (တရုတ်နိုင်ငံသား)၊ တာ့ယုံ (ခ) လီရှောင်တီး (၂ဝ နှစ်) တို့ (၂) ဦးအား ရန်လုံ ကျိုင်းနယ်မြေရဲစခန်းတွင် ရှမ်းလက်နက်ဥပဒေပုဒ်မ ၁၂ (က) အရအရေးယူထား ကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment