Monday, October 20, 2014

ကက်ရှ်မီးယား ပြဿနာကို ဖြေရှင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ပါကစ္စတန် စစ်ဘက် အကြီးအကဲ ပြောကြား

 
 
ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားလျက် ရှိသော ပြဿနာများကို ပြေလည်အောင် ဖြေရှင်းခြင်းသည်
ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် အဓိက အချက် ဖြစ်ကြောင်း ပါကစ္စတန် စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာဟီးလ်ရှရစ်ဖ်က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် အပြန်အလှန် ရင်းနှီးချစ်ခင်မှု ရှိစေရန် ဆန္ဒရှိပြီး ပြင်ပမှ မည်သည့် ခြိမ်းခြောက်မှုမျိုးကို မဆို ခုခံကာကွယ်နိုင်စွမ်း ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်သည် နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပြီး မြောက်ဝါဇီရစ်စတန် တွင် အခြေစိုက်သည့် အကြမ်းဖက်သမားများ၏ ကွန်ရက်ကိုလည်း ဖျက်ဆီးရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ ကက်ရှ်မီးယား ဒေသရှိ ပြည်သူများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ကြောင်း ဗိုလ်ချုပ်ကြီး ရှရစ်ဖ်က ပြောကြားခဲ့သည်။

  
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...