Sunday, October 26, 2014

ထင်းခုတ်နေသော ရွာသား ၂ ဦးအား KIA အဖွဲ့မှ ကြိုတုပ်ရိုက်နှက်ပြီး ငွေတောင်း




ြ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ ပိတောက်မြိုင် ကျေးရွာနေ ရွာသားနှစ်ဦးသည်
 အောက်တိုဘာ ၁၉ ရက်နေ့က ထင်းခုတ်နေစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ကြိုးတုပ်ရိုက်နှက်ပြီး ငွေတောင်းမှု ဖြစ်ပွားခဲ့ကြောင်း ယင်း ဒေသခံ များထံမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ပိတောက်မြိုင်ကျေးရွာနေ မောင်ဝင်းထွန်းနှင့် မောင်ကျော်ထွန်းတို့ နှစ်ဦးသည် ယင်းကျေးရွာ၏ အနောက် မြောက်ဘက် ဆိုင်းတောင်ချောင်းဖျားတွင် အိမ်သုံးထင်းခုတ် နေစဉ် ထင်းခုတ်နေသော ရွာသား ၂ ဦးအား KIA အဖွဲ့မှ ကြိုတုပ် ရိုက်နှက်ပြီး ငွေတောင်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ကြိုးနဲ့တုပ်ပြီးရိုက်တယ်၊ ပြီးတော့ငွေ ၅ သိန်းတောင်းတယ်၊ ကျွန်တော်က   ငွေမပါတဲ့အတွက်    တောင်းပန် တာကို ထပ်ပြီးရိုက်တယ်ဗျ” ဟုကိုယ်တွေ့ကြုံသော   မောင်ဝင်းထွန်းကပြောသည်။

KIA အဖွဲ့မှ ၎င်းတို့နှစ်ဦးအား ငွေမပေးနိုင်၍ ဖမ်းဆီးထားပြီး အောက်တိုဘာ ၂၃ ရက်နေ့ ရောက် မှသာ ပြန်လည် စေလွှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KIA အဖွဲ့၏ရိုက်နှက်မှုကြောင့်    မောင်ဝင်းထွန်းမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာ၊ မျက်ခုံးနှင့် နှုတ်ခမ်းတို့တွင် ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ပြီး မောင်ကျော်ထွန်းမှာလည်း ၃ ချက်အရိုကခံခဲ့ရကြောင်း ပြန်လည်ပြောပြချက် အရသိရသည်။

“ရွာမှာကို မနေရဲကြတော့ဘူး၊ ငွေလာတောင်းမှာကြောက်လို့ ရှောင်နေကြတယ်၊ မောင်ဝင်းထွန်းဆိုရင် ဒဏ်ရာတွေက မသက်သာလို့ သူ့ယောက္ခမရွာမှာသွားပြီး ဆေးကုနေရတယ်”ဟု ပိတောက်မြိုင်ရွာသားတစ်ဦးက ပြောကြားသွားသည်။


အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၄
ညီသစ်(မြစ်ကြီးနား)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...