အာရှယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည့် ကာတာအသင်းမှာ ပြိုင်ပွဲတစ် လျှောက်တွင် မြန်မာအသင်းနှင့် ကစားခဲ့သည့် ဆီမီးဖိုင်နယ် အဆင့်မှာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်း အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် ကာတာအသင်းခေါင်းဆောင် Moein က မြောက်ကိုရီးယားနှင့်ပွဲအပြီးတွင် ပြောသည်။
‘‘ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ အသင်းတိုင်းက ခက်ခဲ တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့အတွက် ရုန်းကန်ခဲ့ရ ပြီး အခက်ခဲဆုံးပွဲကတော့ မြန်မာ နဲ့ပွဲပါ။ အိမ်ရှင်ပရိသတ်ရဲ့ဖိအား ပေးမှုဒဏ်ကိုခံခဲ့ရတယ်’’ ဟု ၎င်း က ပြောသည်။
ကာတာအသင်းမှာ ဆီမီးဖိုင် နယ်အဆင့် မြန်မာနှင့်တွေ့ဆုံခဲ့ သည့်ပွဲတွင် ပရိသတ်အားပေးမှုကြောင့် ဖိအားဝင်ခဲ့ပြီး ကစားရ ခက်ခဲခဲ့ကြောင်း၊ ထို့အပြင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော် လည်း မြန်မာအသင်းက ချေပဂိုး နှင့် ဦးဆောင်ဂိုးများ ပြန်ည် သွင်းယူခဲ့သည့်အတွက် အနိုင်ရရှိ ရန်ဖိအားဝင်ခဲ့ကြောင်း၊ သို့သော် အချိန်ပိုတွင် ဦးဆောင်ဂိုးပြန် လည်သွင်းယူပြီး အနိုင်ရရှိခဲ့သည့် အတွက် အတိုင်းမသိဝမ်းမြောက် ခဲ့ကြောင်း Moein က ပြောသည်။
ကာတာအသင်းမှာ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ဗိုလ်စွဲနိုင်ခဲ့ပြီး မှတ်တမ်းကောင်းတစ်ခုကို ရေး ထိုးနိုင်ခဲ့သည့်အတွက် အလွန် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပွဲတိုင်းတွင် ရုန်းကန်ခဲ့ရပြီး ကစား သမားများ ကွင်းတွင်းစွမ်းဆောင် ရည်ကြောင့်သာ ချန်ပီယံဖြစ်ခဲ့ ခြင်းဖြစ်ကြောင်း နည်းပြ Henzab က ပြောသည်။
‘‘ပွဲတိုင်းမှာ ခက်ခဲခဲ့ပါတယ်။ အသင်းတွေအားလုံးက အရည် အချင်းရှိတဲ့ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အတွက် ခက်ခဲပုံ တော့မတူဘူး။ ဘယ်အသင်းနဲ့ မဆို ကစားရခက်ခဲပါတယ်’’ဟု နည်းပြက ပြောသည်။
7day
0 comments:
Post a Comment