Friday, October 24, 2014

KKO စောဆန်းအောင်အဖွဲ့ မှ ဗိုလ်ကြီးအဆင့်အောင်နိုင် အား ပစ်ခတ်ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်မှန်



ကျိုက်မရောမြို့နှင့် ရွှေဝါချောင်ကျေးရွာအနီး KKO စောဆန်းအောင်အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ  အောင်နိုင် အား ဖမ်းဆီးခဲ့ခြင်းနှင့် လုံခြုံရေးစစ်သည်၏ လက်နက်လုယက်မှုကြောင့် အသေပစ်ခတ်ဖမ်းဆီးခြင်း

နေပြည်တော် - အောက်တိုဘာလ ၂၃ ရက်

၁။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့အနီး KKO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ   စောဝင်းဇော် ခေါင်းဆောင်သာ အင်အား ၂၀ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီ ကိုင်ဆောင်လျက်ရောက်ရှိလာကြောင်း သတင်းရရှိသဖြင့် ကျိုက်မရောမြို့ နယ်မြေခံတပ်နှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့တို့ သွားရောက်၍ မြို့တွင်းသို့ လက်နက်ကိုင်ဆောင် ၀င်ရောက်ခြင်းမပြုရန် ပြောကြားခဲ့ရာ KKO အဖွဲ့မှ ပူးပေါင်းအဖွဲ့အား ရုတ်ချည်းလက်နက်များဖြင့် ချိန်ရွယ်၍ ထိန်းသိမ်းခဲ့ပါသည်။ အဆိုပါ ပူးပေါင်းအဖွဲ့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ကျိုက်မရောမြို့ရှိ တပ်ရင်းဌာနချုပ် တွင် အသင့်စုဖွဲ့ထားရှိသော လုံခြုံရေးတပ်စိတ်တစ်စိတ်မှ လိုက်လံပူးပေါင်းစဉ်
ဖြစ်စဉ် နေရာသို့ မရောက်မီ အသင့်စောင့်ဆိုင်းနေရာယူထားသည့် အင်းအားနှင့် ခေါင်းဆောင်(စိစစ်ဆဲ) KKO အဖွဲ့မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး လိုက်လံ ပူးပေါင်းသော တပ်စိတ်အား လက်နက်များကို ယူဆောင်၍ ကျိုက်မရောမြို့၏ အရှေ့ ဘက်ရှိ အတ္ထရံမြစ်အား ဖြတ်ကူး၍ အရှေ့ဘက်သို့ ဆက်လက် ထွက်ခွာသွားပါသည်။ ဆုတ်ခွာရာ သောင်းကျန်းသူများအနောက်သို့ နယ်မြေခံ တပ်မတော်စစ်ကြောင်းများဖြင့် လိုက်လံရှင်းလင်းခဲ့ပါသည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် The Messenger နေ့စဉ်ထုတ် သတင်းစား အပါအ၀င် ဂျာနယ်နှင့် သတင်းစာအချို့တွင် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

၂။ ၄င်းသတင်းနှင့် ဆက်စပ်လျက် စက်တင်ဘာလ ၃၀ ရက် ၁၉၃၀ အချိန်တွင် ကျိုက်မရောမြို့ လုံခြုံရေးအတွက် အမှတ်(၂၀၄)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး စိုးဇေယျာလင်း ဦးစီး ၁ စုနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့စက်လှေဆိပ် အ၀င်/အထွက် များအား စစ်ဆေးနေစဉ် စက်လှေ ၁ စီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များဖြင့် ပေးကျန်နေသော မသင်္ကာဖွယ် အမျိုးသား ၁ ဦးအား တွေ့ရှိ၍ နယ်မြေခံ အမှတ်(၂၀၈)ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ရာ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် ဖြစ်ကြောင်းနှင့် ကျိုက်မရောဖြစ်စဉ် တွင် ပါဝင်သော စောဝင်းဇော် အဖွဲ့အား ရွှေဝါချောင်ကျေးရွာတွင် စောဆန်းအောင်နှင့် အတူ သွားရောက်တွေ့ဆုံ ပူးပေါင်းခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။

၃။ ၄င်း၏ ထွက်ဆိုချက်များအရ ကျိုက်မရောမြို့ဖြစ်စဉ်တွင် KKO စောဆန်းအောင် အဖွဲ့မှ သိမ်းဆည်းသွားခဲ့သော လက်နက်များအနက် အချို့အား စက်တင်ဘာလ ၂၈ ရက်နေ့က ရွှေဝါချောင်
ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ၄င်းနေရာ အနီးတစ်ဝိုက် တွင် ၀ှက်၍ အသီးသီးဆုတ်ခွာ
ထွက်ပြေးခဲ့ကြကြောင်း ဖော်ထုတ်ရရှိခဲ့ပါသည်။ နယ်မြေခံ တပ်မှ စောဆန်းအောင်အဖွဲ့အား ပိတ်ဆို့ ရှင်းလင်းနေသည့် လှုပ်ရှားစစ်ကြောင်းသို့ အောက်တိုဘာလ ၄ ရက်နေ့တွင် ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်အား လွှဲပြောင်းပေး ခဲ့ပါသည်။

၎။ အဆိုပါနေ့တွင် ရွှေဝါချောင်ကျေးရွာအနီးတစ်ဝိုက်၌ ဖော်ထုတ်ခဲ့ရာ ညနေပိုင်းတွင် တပ်မတော်မှ သိမ်းဆည်းသွားသော လက်နက်ငယ် ၃ လက်အား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်လက်နက်မျာအား ဆက်လက်ရှာဖွေရန် ရွှေဝါချောင်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ညအိပ်အခြေပြုစဉ် ည ၇ နာရီ ၄၅ မိနစ်၌ အောင်နိုင်မှ အပေါ့သွားရန် အကြောင်းပြချက်ဖြင့် ရုတ်တရက် ကင်းစောင့် စစ်သည်အား လုံးထွေးပြီး သေနတ်လုယူ၍ ထွက်ပြေးရန် ကြိုးပမ်းစဉ် ကင်းစောင့်စစ်သည်မှ ပစ်ခတ်ဖမ်းဆီးမှု ကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ၏ အလောင်းအား   ရွှေဝါချောင်ကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့်အကွာတွင် ကောင်းမွန်စွာမြေမြုပ် သဂြိုလ်ခဲ့ကြောင်း သိရှိရပါသည်။

၅။ သို့ရာတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ၁၀၅၀ နာရီအချိန်တွင် ဒေါ်သန္တာ ဆိုသူမှ ကျိုက်မရော နယ်မြေ အမှတ်(၂၀၈)ခြေမြန်တပ်ရင်းသို့ လာရောက်၍ ကျိုက်မရော  လှေဆိပ်အနီး ဖမ်းဆီးခံရသူမှာ မိမိ၏အမျိုးသား အောင်နိုင်(ခ)ပါကြီးဖြစ်၍ ပျောက်ဆုံး နေသူဖြစ်ကြောင်း၊ တပ်ရေးဗိုလ်ကြီးထံ စုံစမ်းခဲ့ကြောင်း သိရှိရပါသည်။

၆။ အဆိုပါစုံစမ်းမှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ ကွပ်ကဲမှုအောက် တပ်များအား   ဖြစ်စဉ်နှင့် ပါတ်သက်၍ အသေးစိတ်စိစစ်ခဲ့ရာ လက်နက်လုယက်မှုကြောင့် ပစ်ခတ် ဖမ်းဆီးခံရပြီး   သေဆုံးသူမှာ လာရောက်စုံစမ်းသူ ဒေါ်သန္တာ၏ ကွဲကွာနေသော ခင်ပွန်းဖြစ်သူ   အောင်နိုင်(ခ)ပါကြီး   ဖြစ်ကြောင်း ဆက်စပ်မှုများအရ ဖော်ထုတ်ရရှိခဲ့ ပါသည်။ ၄င်းဖြစ်စဉ်နှင့် ပါတ်သက်၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ ကာယကံရှင် ဒေါ်သန္တာအား ခေါ်ယူ၍  ဖြစ်စဉ်အခြေအနေများအား    အသိပေးသွား မည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Oppositeyes

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...