Thursday, October 16, 2014

KNU/KNLAုငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးကို ထုတ်ပယ်




KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ နယ်စပ်လုံခြုံရေးနှင့်ဖွံ့ဖြိုး ရေး(အထူး)ဗျူဟာမှ ဗျူဟာမှူး ဗိုလ် မှူးကြီးတိုက်ဂါး၏ လုပ်ဆောင်ချက် များသည် ဌာနချုပ်ရပ်တည်ချက်၊ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များနှင့်သွေဖည် နေသည့်အတွက် တပ်မှထုတ်ပယ် လိုက်ကြောင်း ဌာနချုပ်မှ သတင်းထုတ် ပြန်လိုက်သည်။

KNU/KNLAN ငြိမ်းချမ်းရေး ကောင်စီမှ ခေါင်းဆောင်များ၊ တပ်မှူး များက အောက်တိုဘာ ၁၄ရက်စွဲ ဖြင့် လက်မှတ်ထိုး ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ကြီးစောအောင်ထူးက ပြော သည်။

KNU/KNLAN ငြိမ်းချမ်းရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ် ကြီးစောအောင်ထူးက''သူလုပ်ခဲ့တာ တွေက အဖွဲ့အစည်းလူကြီးတွေ ညွှန် ကြားလို့ လုပ်တာမဟုတ်ဘူး။ အဲဒါ ကြောင့် ကော်မတီဝင် လူကြီးတွေ၊ တပ်ရင်းမှူးတွေ အားလုံး သဘော တူထုတ်ပယ်လိုက်တာ''ဟုပြောသည်။

ဗိုလ်မှူးကြီး တိုက်ဂါးသည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့အစည်း မှ အခါအားလျော်စွာ ထုတ်ပြန်ထား သော စစ်အက်ဥပဒေပုဒ်မ(၂) အပိုဒ် (က)အရ အထက်လူကြီးများ ချမှတ် ထားသည့် အမိန့်ညွှန်ကြားချက်များ အပေါ် လေးစားလိုက်နာမှုမရှိဘဲ မ ထီမဲ့မြင်ပြုခြင်း၊ စစ်အက်ဥပဒေပုဒ် မ(၂၆)အရ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့အစည်း တစ်ခုလုံး၏ဂုဏ်သိက္ခာ များ မထိခိုက်မကျဆင်းရေး ကာ ကွယ်ထိန်းသိမ်းစောင့်ရှောက်သွား ရန် တာဝန်ပျက်ကွက်ခြင်းတို့ကြောင့် KNU/KNLA ငြိမ်းချမ်းရေးကောင် စီအဖွဲ့မှ ထုတ်ပယ်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးတိုက်ဂါးအား အဖွဲ့မှထုတ် ပယ်သည့် တရားဝင်ကြေညာချက် တွင် ဖော်ပြထားသည်။

''ဥပမာဗျာ မြဝတီမှာကုန်ကား တွေကို စစ်တယ်။ တပ်မတော်နဲ့လဲ အပြန်အလှန် စာတွေထုတ်ကြတယ်။ ဒါတွေက အထက်ဌာနချုပ်ရဲ့ သဘော တွေတစ်ခုမှ မပါဘဲ သူ့သဘောနဲ့သူ လုပ်ခဲ့တာ''ဟု ဗိုလ်ကြီးစောအောင် ထူးက ဆက်လက်ပြောသည်။

ထိုသို့ ဗိုလ်မှူးကြီးတိုက်ဂါး လုပ်ဆောင်ခဲ့သော လုပ်ရပ်များနှင့် ပတ်သက်ပြီး ဌာနချုပ်သို့ရှင်းလင်း ရန် ဆင့်ခေါ်သော်လည်း မလာခြင်း ဆိုသည့်အချက်ကိုလည်း ယင်းအား ထုတ်ပယ်သည့်စာတွင် ဖော်ပြထား သည်။

''အောက်တိုဘာ ၇ရက်တုန်း က အရေးပေါ် အစည်းအဝေးလုပ်ခဲ့ တယ်။ အဲဒီမှာ သူ့ကို လာရှင်းဖို့ခေါ် တယ်။ မလာရင်ထုတ်ပယ်မယ်ဆိုပြီး ပြောထားတယ်။ သူမလာတော့ပြော ထားတဲ့အတိုင်း ထုတ်ပယ်လိုက်တာ'' ဟုပြောသည်။

ထိုကဲ့သို့ ထုတ်ပယ်မှုနှင့်ပတ် သက်ပြီး ဗိုလ်မှူးကြီး တိုက်ဂါးကို ဆက်သွယ် မေးမြန်းသော်လည်း ဆက် သွယ်မရခဲ့ပါ။

ရန်ကုန်၊ အောက်တိုဘာ ၁၅
NTDW, ZMT
‎Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...