Monday, October 27, 2014

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီ သော်



ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီ သော် အောက်တိုဘာ ၂၆ရက်နေ့ က ဗီယက်နမ် လေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ် ကတဆင့်ရောက်ရှိလာပါတယ်။

  အောက်တိုဘာ ၂၆ရက်နေ့ ကနေ နိုဝင်ဘာ ၁၁ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး သက်တမ်း၅၄နှစ် ရှိပြီဖြစ်ပြီး နိုင်ငံပေါင်း၆၅နိုင်ငံက အလှမယ်တွေဝင်ရောက်ယှဉ်ပြိုင်မယ့်Miss International Beauty Pageant 2014 ပြိုင်ပွဲ ပွဲနောက်ဆုံးနေ့ ၁၁ရက်နေ့ဆုပေးပွဲကို Shinagawa Prince Hotel Hall အတွင်းကျင်းပမှာဖြစ်ပါတယ်..။

Miss Myanmar International 2014 အဖြစ် အလှမယ် ခင်ဝေဖြိုးဟန် မှ ရွေးချယ်ခြင်း ခံခဲ့ရ သော်လည်း အသက်၁၈ နှစ် ပြည့်ဘို့ လိုအပ်နေတာကြောင့် Miss International Organization က 1st Runner Up အလှမယ် မေဘရဏီသော် ကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်။

မိမိအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု တွေကို အခြေခံပြီးလည်းအကောင်းဆုံး   ဖြစ်အောင်ယှဉ်ပြိုင်သွား မှာဖြစ်သလိုမြန်မာပြည်သူတွေက ရဲ့ အားပေးမှုကိုလည်းမျှော်လင့်နေပါတယ်လို့     LCCI Level 1,2,3 အောင်မြင်ခဲ့သူ အလှမယ် မေဘရဏီသော် ကတိုကျိုမြို့ မှာDVBကိုပြောကြားခဲ့ ပါတယ်။
Miss International Beauty Pageant ကိုအိုကီနာဝါကျွန်းမှာ ၂၀၁၂ခုနှစ်က ကျင်းပခဲ့ တဲ့ ပွဲကစလို့ အလှမယ် နန်းခင်ဇေယျာ က   မြန်မာနိုင်ငံကိုယ်စားပြုပထမဆုံး စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ပြီး   ၂၀၁၃မှာအလှမယ်ဂုဏ်ရည်အေးကျော်က၀င်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...