ယခုရက်ပိုင်းအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ခမ်းမြို့နယ်ထဲမှာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ ပြန်ပါသည်။ မပြီးဆုံးနိုင်သော တိုက်ပွဲများကြားထဲတွင် ပလောင်ပြည်သူတို့၏ လူနေမှုဘ၀များသည် လည်း စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ တည်ငြိမ်အေးချမ်းသော လူနေမှုဘ၀ကို ပလောင်ပြည်သူများ စွန့်လွှတ်ကြ ရတော့မည်လား။ တိုက်ပွဲများ ချုပ်ငြိမ်းအောင် နည်းလမ်းရှိပါလျက် TNLA ကြောင့် မငြိမ်းချမ်းနိုင်ခြင်း ဖြစ်ပါ သည်။
TNLA အဖွဲ့၏ နောက်ကြောင်းသမိုင်းကို လေ့လာကြည့်လိုက်ရာ ယခင်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်း ရေးရရှိခဲ့ပြီး ပလောင်ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သလို TNLA ဟူသော နာမည်က လည်း ပလောင်ဒေသတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်တို့တွင် ပလောင်တိုင်းရင်းသားများ နေထိုင်လျက်ရှိသလို တည်ငြိမ်အေးချမ်း သောလူနေမှုဘ၀ကို အတိုင်းအတာတစ်ခုအထိ ရရှိခံစားနေကြရပြီ ဖြစ်ပါသည်။ သို့ဆိုလျှင် တိုက်ပွဲများ ဖြစ်ပွား အောင် ဖန်တီးနေသော TNLA ဘယ်ကနေ ပြန်ရောက်လာသလဲ ထောက်ပြဆန်းစစ်ကြည့်ရပါမည်။
အမှန်တကယ်တွင် TNLA အဖွဲ့သည် မူလအဖွဲ့မဟုတ်တော့ဘဲ KIA အဖွဲ့ထဲသို့ဝင်ရောက်သွားသော ပလောင် တိုင်းရင်းသားများအား KIA မှ စေခိုင်းမှုကြောင့် ခြေဦးလှည့်လာသော အဖွဲ့လေးတစ်ဖွဲ့သာ ဖြစ်ပါသည်။ TNLA အဖွဲ့တွင် အင်အား ၃၀၀ ခန့်သာရှိပြီး ပလောင်ကိုင်ပိုင်ချုပ်ခွင့်ရဒေသတွင် ၎င်းတို့၏ ဗဟိုဌာနချုပ်လည်းမရှိ သော အမည်ခံအဖွဲ့လေးသာ ဖြစ်ပါသည်။
အစိုးရတပ်များနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားတိုင်း ဒေသခံပလောင်တိုင်းရင်းသားများ စစ်ပြေးဒုက္ခသည် ဘ၀ ရောက်ကြရသည်။ ယခင်ဖြစ်ခဲ့သော တိုက်ပွဲကာလများတွင် နမ့်ခမ်းမြို့ပေါ် ပလောင်ပါတီရုံးနှင့် လက်ဖက် ခြောက်ပွဲရုံအဟောင်းတွင် စစ်ဘေးရှောင်ပလောင်ပြည်သူ ၈၀၀ ကျော် ၁၀၀၀ နီးပါးရှိခဲ့သည်။ ထိုဒုက္ခသည်များ ၏ စားဝတ်နေရေးကို TNLA အနေဖြင့် လှည့်ကြည့်ဖော်ပင်မရခဲ့ပေ။
TNLA အဖွဲ့ထံသို့ အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရန် ကမ်းလှမ်းမှုများ ရှိခဲ့ ပါသည်။ သို့သော် TNLA ဘက်မှ အကြောင်းပြချက်အချို့သုံးပြီး ယနေ့အချိန်ထိ အပစ်ရပ် လက်မှတ်မထိုးခဲ့ခြင်း ဖြစ်သည်။ ဦးတည်ရည်မှန်းချက်မရှိဘဲ ပလောင်ပြည်သူများ၏ ဘ၀ကို ဒုက္ခဆင်းရဲ တွင်းထဲ ဆွဲခေါ်နေသည့် TNLA ၏ လုပ်ရပ်ကို စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေရပါသည်။
အချုပ်အားဖြင့် TNLA အနေဖြင့် ပလောင်ပြည်သူများ၏ အကျိုးစီးပွားကို မဖြည့်ဆည်းပေးနိုင်လျှင်တောင် အကျိုးစီးပွားကို မဖျက်ဆီးရန်လိုပါသည်။ ဦးတည်ချက်ပန်းတိုင်မရှိဘဲ KIA လက်အောက်ခံ အဖွဲ့တစ်ဖွဲ့အနေဖြင့် ထားရာနေစေရာသွားမည်ဆိုပါက ကချင်ပြည်နယ်ထဲတွင်သာ နေသင့်ပါသည်။ ပလောင်ဒေသငြိမ်းချမ်းရေး TNLA ကြောင့် အလှမ်းဝေးနေဦးမလားဟူသော အတွေးဖြင့် ယနေ့ထက်တိုင် ပလောင်ပြည်သူတို့ဘ၀ မငြိမ်းချမ်းနိုင်သေးကြောင်း ရေးသားလိုက်ရပါသည်။
မိုင်းအိုက်ကျော်ရွှေ
27 .10. 2014
0 comments:
Post a Comment