Wednesday, October 29, 2014

Yangons Institute of Economics အမည်မှ Yangon University of Economics ဟု အမည် ပြောင်းလဲမှု နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နိမ့်ကျမှုမရှိအောင် ပြောင်းလဲခြင်းဖြစ်ဟုဆို


နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဆင့်အတန်းနိမ့်ကျမှုမရှိစေရန် ရန်ကုန် စီးပွားရေးတက္ကသိုလ်၏ Yangon Institute of Economics အမည်မှ Yangon University Econo-mics ဟုပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ကရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အင်္ဂလိပ်အမည်မှာ Yangon Institute of Economics ဖြစ် ပြီးယခုကဲ့သို့ အမည်ပြောင်းလဲရာတွင် တက္ကသိုလ်ဖွဲ့စည်းပုံ၊ သင်ကြားရေး အစရှိသည်များပြောင်းလဲ   ခြင်းမရှိကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်နိုင်ဦးက ပြောသည်။

“ဆိုရှယ်လစ်ခေတ်မှာ (Institute) ဆိုတာကို အရှေ့ဥရောပကနေ ယူလိုက်တာ။ အဲ့ဒါကြောင့် Institute ဆိုတာကိုအသက်မွေးဝမ်းကျောင်းတက္ကသိုလ်လို့ ခေါ်တာပေါ့။ ဒီနေ့ဒီအချိန်အခါမှာတော့ Institute ဆိုတာတွေကို တက္ကသိုလ်အဖြစ်ပြောင်းလဲလိုက်ကြပြီ။ Institute ကသုတေသနလောက်ပဲ လုပ်ကြတော့တယ်။ မဟာတန်းတွေ၊ ဘွဲ့လွန်တန်းတွေမရှိတော့ဘူး။ နိုင်ငံတကာအမြင်မှာက တက္က သိုလ်ဆိုရင်ပညာရပ်ဆိုင်ရာမှာ အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုလို့ မြင်ကြတယ်။ ဆရာမတို့နဲ့ နိုင်ငံတကာ ပူးပေါင်းတဲ့အခါကျတော့ သူတို့ကတက္ကသိုလ်ဆိုပြီး လာကြတယ်။ ဆရာမတို့က Institute လို့ပြော လိုက်ရင် သူတို့စိတ်ထဲမှာ တစ်ဆင့်နိမ့်နေတယ်လို့ ထက်တာတွေရှိတာကြောင့်ပါ” ဟု ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက ဆက်လက်ပြောသည်။

တက္ကသိုလ်များမှာ ပညာရပ်ဆိုင်ရာ အဖွဲ့များအားလုံး လွှမ်းခြုံထားသောကျောင်းတစ်ခုဖြစ်ပြီး ယင်း၏ လက်အောက်တွင် ကောလိပ်၊ Institute ဒီဂရီတို့ရှိကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် တက္ကသိုလ်အဆင့်ရှိနေမှသာ အဆင်ပြေနိုင်ကြောင်း သိရသည်။

“Institute ကနေ တက္ကသိုလ်ကိုပြောင်းလဲဖို့ ဆရာမတို့တစ်ကျောင်းထဲ ကျန်တော့တာပါ။ ဒါကြောင့် ဆရာမတို့အဆင့်ဆင့် တင်ပြပြီးခွင့်ပြုလို့ ပြောင်းလဲခဲ့တာပါ” ဟုလည်းဒေါက်တာခင်နိုင်ဦးက ထပ်ဆင့် ပြောဆိုသည်။

ယင်းကဲ့သို့အမည်ပြောင်းလဲခြင်းကို သမ္မတရုံးနှင့်ပညာရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ယခုနှစ် နှစ်လယ်ခန့်က စတင်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူခုနှစ်ထောက်ကျော်တက်ရောက်လျက်ရှိ ပြီး၊ ဘွဲ့ကြိုတန်းများ၊ မဟာတန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းများနှင့်ဘွဲ့လွန်သင် တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...