အမေရိကန်သမ္မတအိုဘားမားက အာဆီယံနိုင်ငံများမှ လူငယ်ခေါင်းဆောင်များကို ၁၅ မိနစ်ခန့်ကြာ မိန့်ခွန်းပြောကြားကာ တစ်နာရီကျော်ကြာ မေးခွန်းများကိုဖြေကြားပေးပြီးနောက် တက်ရောက်လာသောလူငယ်များကို လိုက်လံနှုတ်ဆက်နေစဉ်။ သမ္မတအိုဘားမား၏ ဒုတိယမြောက် ရန်ကုန်ခရီးစဉ်မှာ ၇ နာရီခန့် ကြာခဲ့သည်။
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အမေရိကန်သမ္မတ အို ဘားမားက မိမိသာမြန်မာနိုင်ငံ၏ သမ္မတဖြစ်ခဲ့ပါက ဦးစားပေးလုပ် ဆောင်မည့် ကိစ္စမှာ လာမည့်နှစ် တွင် ၂၀၁၅ ရွေးကောက်ပွဲကို သေချာပေါက်ကျင်းပနိုင်ရေးဖြစ် ပြီး ဒုတိယအရေးကြီးဆုံးအနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်ကြောင်း ပြောကြားသည်။
နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် တစ်နာရီကြာ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှလူငယ်စွမ်းဆောင်ရည် အစီအစဉ် (YSEALI) မှ လူငယ်၄၀၀နီးပါးနှင့် တွေ့ဆုံပွဲတွင် အမေရိကန်သမ္မတ အိုဘားမားကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လူငယ်များအနက်တစ်ဦးက သမ္မတအိုဘားမားအနေဖြင့် မြန်မာနိုင်ငံ၏ သမ္မတဖြစ်ခဲ့ပါက မည်သည့်ကဏ္ဍကို အရင်ဆုံး အာရုံစိုက်လုပ်ဆောင် လိုပါသလဲဆိုသည့် မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်သာဆိုရင် လုပ် ချင်တဲ့ကိစ္စကတော့ မြန်မာပြည် သူတိုင်းလိုလိုလည်း ပြောနေကြ တဲ့ကိစ္စပါ။ နံပါတ်တစ်က နောက် နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးရမယ်။ နံပါတ်နှစ်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ အရပ်သားအစိုးရစစ်စစ် ဖြစ်သွား စေဖို့အတွက် ဒီဖွဲ့စည်းပုံပြင်ဆင် ရေးကို လုပ်ပါမယ်။ နံပါတ်သုံး ကတော့ သတင်းစာလွတ်လပ်ခွင့် နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်ကို ကာကွယ်တဲ့၊ နိုင်ငံရေးအရလွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စိန်ခေါ်မှု များစွာရှိနေပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများပြီးပြည့်စုံရန် ကြီးမားသည့်စိန်ခေါ်မှုများရှိသော်လည်း အထက်ပါကိစ္စများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကန် သမ္မတက နံပါတ်စဉ်များဖြင့် ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအချက်သုံးချက်ကို ဦး စားပေးဆောင်ရွက်မှသာ အခြား သော စိန်ခေါ်မှုများကိုလည်း ကိုင် တွယ်နိုင်မည်ဖြစ်ကြောင်း ကန် သမ္မတအိုဘားမားက ဆက်လက် ပြောကြားသည်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ ရောက်အောင်သွားပြီးပါက နောက်ပိုင်းတွင် စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
‘‘မြန်မာက ဆင်းရဲတဲ့တိုင်း ပြည်ဖြစ်နေတယ်။ ဒီတော့ စီးပွား ရေး အောင်ဖို့က လူငယ်တွေ တိုး တက်ကောင်းမွန်မှ ဖြစ်နိုင်မယ်။ လူငယ်တွေ တိုးတက်ဖို့ကလည်း ကျွန်တော်နားလည်ထားတာက ပညာရေးကောင်းရမယ်။ တိုင်း ပြည်မှာ ဒါတွေရချင်ရင် ပညာ ရေးကို လူငယ်တွေအတွက် မြှင့် တင်ရပါမယ်။ ပညာရေးမရရင် ကျန်တာတွေ မရနိုင်ဘူး’’ ဟု ၎င်း ၏အဖြေတွင် မြန်မာနိုင်ငံ၏ လက် ရှိအခြေအနေ အကျပ်အတည်း၏ အဓိကပြဿနာဖြစ်သည့် ပညာ ရေးအဆက်အစပ်ကို ထည့်သွင်း ပြောကြားသွားသည်။
သမ္မတအိုဘားမားသည် လူ ငယ်စွမ်းဆောင်မှု အစီအစဉ်မှ လူ ငယ်ခေါင်းဆောင်များနှင့် ရန်ကုန် တွင် ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး အင်အားကြီးစူပါပါဝါ သမ္မတတစ်ဦးဖြစ်သော်လည်း လူငယ်များနှင့် ဆက်ဆံမှုမှာ နွေး ထွေးရင်းနှီးလွန်းပြီး ပထမတစ် ခေါက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ်ကထက် ပိုမိုလွတ်လပ်ဖော်ရွေခဲ့ ကြောင်း တက်ရောက်သူ လူငယ် များက မှတ်ချက်ပြုခဲ့ကြသည်။
By
အေးသူစံ
Saturday, November 15, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment