Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ ဒီအရွယ်အစား ပိုမိုကြီးမားတဲ့ iPad ကို ဘယ်ချိန်မှာ တကယ်ထွက်ရှိလာလိမ့်မယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ဒီအရွယ်အစားနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းဌာနတွေ တစ်နှစ်ခန့်ပြောဆိုလာခဲ့ပြီးပြီမို့ အခု နောက်ဆုံးမှာတော့ ဒီလို ဖြစ်လာဖို့ အတော်လေး ဖြစ်နိုင်ချေရှိနေပါတယ်။ Apple ရဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Air နဲ့ Mini iPad တွေဟာ ၉.၇ နဲ့ ၇.၉ လက်မ မျက်နှာပြင်တွေရှိကြပါတယ်။ ၁၂.၉ လက်မအရွယ်အစားနဲ့ဆိုရင် ဒီပြောဆိုဖော်ပြထားတဲ့ iPad ဟာ MacBook Air ကဲ့သို့သော လက်ပ်တော့ပ်ကွန်ပျူတာတစ်လုံးရဲ့ အရွယ်အစားနဲ့ ပိုမိုနှီးစပ်မှု ရှိလာပါလိမ့်မယ်။
Source: theverge

0 comments:
Post a Comment