Victor.PaaTung
Kanye West က သူ့ဖခင်ဟာ နာမည်ကြီးပုဂ္ဂိုလ်တွေနောက် ဓာတ်ပုံလိုက်လံ ရိုက်ကူးလေ့ရှိတဲ့ ဓါတ်ပုံဆရာတစ်ဦးဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ Kanye West ဟာ ဓာတ်ပုံဆရာ Daniel Ramos နဲ့အတူ တရားဥပဒေ အမှုရင်ဆိုင်မှု တစ်ခုအပေါ် တရားဝင်ကြောငြာချက် တစ်ခုပြုလုပ်နေစဉ်အတွင်း ၎င်းသတင်းကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ခုလတ်တလော Ramos ဟာ၂၀၁၃ ခုနှစ်တုန်းက Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်(LAX) မှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုတော်ရဲ့အမှုအတွက် ကြားနာနေရတာ ဖြစ်ပါတယ်။
West ဟာ Ramos ကို တိုက်ခိုက်မှုနဲ့ စွပ်စွဲခဲ့ပြီး ခုအခါမှာ Ramosဟာ သက်သေရှောင်ရှားမှု (၂) နှစ် နဲ့ အဖွဲ့အစည်းလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ပါတယ်။
သူ့ဖခင် Ray West ဟာ Atlanta Journal-Constitution မှာ ဓါတ်ပုံသတင်းဆရာတစ်ဦးဖြစ်ခဲ့တာကြောင့် သူဟာ အနုပညာရှင်တွေနဲ့ ဓါတ်ပုံဆရာတွေရဲ့ အထူးဆက်နွယ်မှုတစ်ခုရှိခဲ့တယ်လို့ West က ဝန်ခံခဲ့ပါတယ်။
The Daily Mail မှ တဆင့်ရရှိထားတဲ့ သက်သေခံချက်ထဲမှာတော့ အဲဒီရပ်(ပ်)ပါ ရှင်းပြထားတာက ကျွန်တော့်ဖခင်ကိုယ်တိုင်ကိုက ဓာတ်ပုံဆရာတစ်ဦးဖြစ်တယ်။ သူဟာ ဆေးဝါးဖော်စပ်သူ၊ Black Panther ၊ ခရစ်ယာန်ဘာသာအရ လက်ထပ်ခြင်းဆိုင်ရာမှာ အကြံပေး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမေကကျတော့ ချီကာဂိုပြည်နယ် အင်္ဂလိပ်စာဌာနမှာ ပထမဦးဆုံး လူမည်း ဥက္ကဌ တစ်ဦးဖြစ်ခဲ့ပါတယ်။ မိဘတွေက ကျပန်းဓာတ်ပုံဆရာတစ်ယောက်တွေနဲ့အတူ ဟောဒီ ( LAX) ရှေ့မှာ အချင်းချင်း တိုက်ခိုက်နေမယ့်သူအဖြစ် ကျွန်တော့်ကို ပျိုးထောင်ခဲ့တာ မဟုတ်ပါဘူး လို့ ဆိုသွားပါသတဲ့။
ဒါ့အပြင် Kanye West ကဆက်ပြီး သူ့ကို ကားရပ်နားလို့ရအောင်၊ ယာဉ်စည်းကမ်း ကျူးလွန်မှုဥပဒေရင်မဆိုင်ရလေအောင် အကူအညီပေးခဲ့တဲ့ ဓါတ်ပုံဆရာအချို့နဲ့ အပေါင်းအသင်းရှိနေတယ်လို့ လည်း ပြောပါတယ်။
တခါတလေ အဲ့ဒီ ဓာတ်ပုံဆရာတွေနဲ့ ကားအတူစီးခဲ့တယ်။ သူတို့က ကားရပ်နားလို့ ရအောင် စီစဉ်ကူညီပေးတယ်။ ရဲတွေ ကျွန်တော့်ကို ဒဏ်မရိုက်အောင် ကျွန်တော့်ကားကို စောင့်ကြည့်ပေးကြတယ်။ အပြင်မှာလည်း သူတို့မိသားစုကို သူတို့ ကြိုးစားလုပ်ကိုင်ရှာကျွေးနေတဲ့ လူကောင်းတွေ အများကြီးပါလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စိတ်ခံစားမှု အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သူက Ramos နဲ့ အကြီးအကျယ်စကားငြင်းခုံမှု ဖြစ်ခဲ့တယ်လို့ West က ရှင်းပြခဲ့ပါသေးတယ်။
Source: starpulse
Sunday, August 31, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment