ပျံတာချင်းတူတူ
ဘယ်သူမှ ပိုမထူးပါဘူး
နီးစပ်ရာ ဓားတွေနဲ့
ရပ်ဝေးက မြှားတွေနဲ့
ပစ်မှတ်တည့်တည့်မှာ ခြေစုံရပ်နေရတဲ့ သဘာဝ
အကြည့်လေးကျွံရင်တောင် စပ်စလူး
အပြောလေးကျွံတော့ စရိုက်
အပြုအမူလေးကျွံတော့ မိန်းမပျက်တဲ့
ခေတ်ကြီးကို ပြေးလိုက်လည်းမသင့်
ခေတ်နောက်မှကျန်ခဲ့လည်းမဖြစ်
လူတကာ စကားလုံးအောက်မှာခြေချုပ်နဲ့
လာခူးမယ့်သူကို မျှော်ရပေမယ့်
လိပ်ပြာလေးတွေနဲ့တွေ့ရင် ပျော်ရသလို
ပိတုန်းနဲ့တွေ့ရင် ညိုးနွမ်းရပြန်ရော . . .
ခြေတလှမ်းမှားတာနဲ့
ကျွံဖို့စောင့်နေတဲ့ ချောက်တွေ
ငွေမပေးရတိုင်း
ထိုးနေကြတဲ့ လက်ညိုးတွေ
မိန်းမသား . . .
ရှေ့တိုးမရ နောက်ဆုပ်မရနဲ့
တစ်သျူးတစ်စ'လို
လူတစ်ဦးအတွက်ပဲ ပုံအပ်ခွင့်ရတဲ့ဘဝ . . .
Ulay Kyi ( ကိုလင်း )
ဘယ်သူမှ ပိုမထူးပါဘူး
နီးစပ်ရာ ဓားတွေနဲ့
ရပ်ဝေးက မြှားတွေနဲ့
ပစ်မှတ်တည့်တည့်မှာ ခြေစုံရပ်နေရတဲ့ သဘာဝ
အကြည့်လေးကျွံရင်တောင် စပ်စလူး
အပြောလေးကျွံတော့ စရိုက်
အပြုအမူလေးကျွံတော့ မိန်းမပျက်တဲ့
ခေတ်ကြီးကို ပြေးလိုက်လည်းမသင့်
ခေတ်နောက်မှကျန်ခဲ့လည်းမဖြစ်
လူတကာ စကားလုံးအောက်မှာခြေချုပ်နဲ့
လာခူးမယ့်သူကို မျှော်ရပေမယ့်
လိပ်ပြာလေးတွေနဲ့တွေ့ရင် ပျော်ရသလို
ပိတုန်းနဲ့တွေ့ရင် ညိုးနွမ်းရပြန်ရော . . .
ခြေတလှမ်းမှားတာနဲ့
ကျွံဖို့စောင့်နေတဲ့ ချောက်တွေ
ငွေမပေးရတိုင်း
ထိုးနေကြတဲ့ လက်ညိုးတွေ
မိန်းမသား . . .
ရှေ့တိုးမရ နောက်ဆုပ်မရနဲ့
တစ်သျူးတစ်စ'လို
လူတစ်ဦးအတွက်ပဲ ပုံအပ်ခွင့်ရတဲ့ဘဝ . . .
Ulay Kyi ( ကိုလင်း )
0 comments:
Post a Comment