Thursday, August 28, 2014

သစ်သီး စားခြင်းဟာ ခန္ဓာကိုယ် တကယ် သွယ်လျစေနိုင် သလား

ဒီမေးခွန်းဟာ IQ အဆင့်စစ်ဆေးတဲ့ မေးခွန်းတော့ မဟုတ်ပေမယ့် စိတ်ထဲမှာ မသေချာမရေရာနဲ့ ဘယ်လိုအဖြေပေးရမလဲဆိုတာတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ သစ်သီးပိုစားတဲ့သူဟာ မစားတဲ့သူထက်တော့ ခန္ဓာကိုယ် သွယ်လျနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် အဲလိုလူတွေက သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ကြတယ်လေ။ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ကြတယ်။ အသီးတွေဟာ ကယ်လိုရီနည်းပြီးတော့ အာဟာရ ရှိပါတယ်။ ဥပမာ - ပန်းသီးတစ်လုံးက တစ်နာရီ အဆာခံနိုင်အောင် ကူညီပေးပါတယ်။ ဆိုလိုချင်တာကတော့ ကိုယ်အလေးချိန်အများဆုံး တိုးလာစေတာကတော့ ကယ်လိုရီပဲဖြစ်ပါတယ်။

တချို့လူတွေက အသီးစားတယ်ဆိုပြီးတော့ ဗူးထဲသွပ်ထားတဲ့အသီးတွေ၊ အသီးဖျော်ရည်တွေနဲ့ အစားထိုးတတ်ကြပါတယ်။ အဲလိုမျိုးအသီးဖျော်ရည်တွေမှာ သကြားနဲ့ကယ်လိုရီ မြောက်များစွာပါဝင်တဲ့အတွက် ပိုပြီးဝလာစေပါတယ်။

မေးခွန်းနဲ့အထိုက်တန်ဆုံးအဖြေကတော့ သန့်ရှင်းလတ်ဆတ်တဲ့ အသီးစားမယ်ဆိုရင်တော့ ခန္ဓာကိုယ် တကယ်သွယ်လျနိုင်ပါတယ်။

Ref:wnmlife.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...