Thursday, August 28, 2014

ရှေ့လအကုန်မှာ ရောင်းချမယ့် Fujifilm ရဲ့ မျိုးဆက်သစ် X30 ကင်မရာ

Fujifilm က ၎င်းရဲ့ အရင်ထွက်ရှိခဲ့တဲ့ X20 နဲ့ X10 ကင်မရာရဲ့ နောက်မှာ ထွက်လာတဲ့ အရွယ်အစားသေးငယ်ပြီး ကျစ်လစ်မှုရှိတဲ့ X30 ကင်မရာကို ကြေငြာလိုက်ပါတယ်။ X30 ရဲ့ အသွင်အပြင်တွေမှာ 12- megapixel 2/3 အာရုံခံကိရိယာ(sensor) နဲ့ အရင်ထွက်ရှိတဲ့ ကင်မရာတွေလို f/2.0-f/2.8 နဲ့ ညီမျှတဲ့ 28-112mm မှန်ဘီလူးပါရှိထားတယ်ဆိုပေမဲ့ တခြားအစိတ်အပိုင်းအများစုမှာတော့ ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။

ပုံစံပြန်လည်ပြုပြင်ထားတဲ့ ချောမွတ်တောက်ပြောင်တဲ့ ဒီဇိုင်းပြင်ဆင်ချက်ကို မဂ္ဂနီဆီယမ်သတ္တုစပ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပါတယ်။ မြင်ကွင်းချိန် မှန်ဘီလူးနေရာမှာ OLED အီလက်ထရောနစ် မှန်ကူကွက်နဲ့ အစားထိုးထားပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်း 3-inch 920,000-dot screen မျက်နှာပြင်ကိုလည်း တပ်ဆင်ထားပါသေးတယ်။ ဘက်ထရီရဲ့ စွမ်းဆောင်ရည်တိုးမြင့်ထားခြင်း၊ Wi-Fi ချိတ်ဆက်မှုနဲ့ အသံတိတ်ဆိတ်စေပြီး တောက်ပတဲ့ အရောင်အသွေးထုတ်လုပ်မှုတွေနဲ့အတူ Class Chrome ရုပ်သံချိန်ညှိမုဒ်လည်း ပါရှိပါတယ်။ Class Chrome မှာ Fujifilm ရဲ့တခြားကင်မရာတွေမှာလည်း ပါရှိမှာဖြစ်ပါတယ်။

ကင်မရာပြုလုပ်သူတွေအနေနဲ့ ဈေးနှုန်းမြင့် ကျစ်ကျစ်လစ်လစ်ကင်မရာပုံစံများကို ခုနောက်ပိုင်း အာရုံစိုက်လုပ်ဆောင်နေကြပါတယ်။ Sony ရဲ့ RX 100 က ၎င်းရဲ့ ကင်မရာကိုယ်ထည်သေးနေပေမဲ့ ကောင်းမွန်တဲ့ရုပ်ထွက်ရရှိစေတဲ့ (၁) လက်မရှိ အာရုံခံကိရိယာကြောင့် ကင်မရာ လောကမှာ စိတ်ဝင်စားမှု အများဆုံးရရှိနေပါတယ်။ X30 ရဲ့ 2/3 လက်မ ဆင်ဆာဟာ ကျစ်လစ်မှုအရှိဆုံးတခြားကင်မရာတွေရဲ့  ဆင်ဆာထက်ကြီးနေပေမဲ့ RX100 ရဲ့ ဆင်ဆာဟာ ရုပ်ထွက်ပိုင်းမှာ သိသိသာသာ ကြီးမားပြီး အရည်အသွေးပိုမိုမြင့်မားပါတယ်။ဒါပေမဲ့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ပိုင်းမှာတော့ Fujifilm အနေနဲ့ Sony ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီအစား Fujifilm က ၎င်းရဲ့ကင်မရာမှာ သက်တောင့်သက်သာရှိ အဆင်ပြေတဲ့ ကင်မရာမြင်ကွင်းချိန်ညှိကိရိယာနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတစ်ခုအနေနဲ့ ထိန်းချုပ်ခလုတ်များစွာကို ထည့်သွင်းထားခြင်းတွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ ပိုပြီးအသုံးပြုရတာ ပျော်ဖို့ကောင်းတဲ့ ကင်မရာ ဆင်ဆာအရွယ်အစားအတွက်ပဲ အရှုံးခံလိုက်တာ တန်မလား။ ရှေ့လ လကုန်ပိုင်းလောက် X30 ကို ရောင်းချတဲ့အချိန်မှာ သင့်အတွက်ဘယ်ဟာက ပိုပြီးအရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ဖို့ကတော့ သင့်အပေါ်မှာသာမူတည်ပါလိမ့်မယ်။

Source: theverge

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...