Friday, August 29, 2014

အလှမယ် မေမြတ်နိုး၏ Miss Asia Pacific World သရဖူနှင့် စလွယ်အား ကိုရီးယား Organization ပြန်သိမ်း

ရန်ကုန်၊

အလှမယ် မေမြတ်နိုး၏ Miss Asia Pacific World သရဖူနှင့်စလွယ်ကို တောင် ကိုရီးယားနိုင်ငံ Miss Asia Pacific World Super Talent Organization က ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Miss Asia Pacific World 2014 အလှမယ်မေမြတ်နိုး၏သရဖူ ပြန်လည်သိမ်းယူခြင်းနှင့် ပတ်သက် သည့်ကြေညာချက်ကို သြဂုတ်၂၇ရက် ညပိုင်းက တောင်ကိုရီးယား Organization က တရားဝင်ထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။

''မေမြတ်နိုးကို သရဖူပြန်သိမ်း လိုက်တာ လှနု အရမ်းကို စိတ်မ ကောင်းဖြစ်ရပါတယ်။ ဒီသရဖူက လှနုတို့မြန်မာနိုင်ငံအတွက် ပထမ ဦးဆုံးရရှိတဲ့သရဖူဖြစ်တဲ့အတွက် သူတစ်ယောက်တည်းနဲ့မဟုတ်ဘဲ အားလုံးနဲ့သက်ဆိုင်တဲ့အရာတစ်ခု ပါ။ ဒါပေမဲ့လဲ မေမြတ်နိုးအမေရဲ့ ငြိမ်ငြိမ်မနေတဲ့ပြဿ နာက အရမ်း ကို အဆင်မပြေဘူးလို့ပြောရမယ်။ အဲဒီလိုကြောင့်လဲ သူ့အတွက် အခွင့် အရေးကောင်းတွေ အများကြီးကို ဆုံးရှုံးသွားစေပါတယ်။ လှနုကိုလဲ ဟိုဘက်ကတာဝန်ရှိတဲ့သူတွေက သူတို့ကိုရီးယားကို ရောက်သွားပြီး သိပ်မကြာဘူး၊ လှမ်းပြောတယ်။ သူ တို့ သရဖူသိမ်းခိုင်းတုန်းက ဘာဖြစ် လို့မသိမ်းတာလဲ။ အခုဒီမှာ ကောင် မလေးအမေကြောင့် ပြဿ နာတွေ အရမ်းကိုတက်နေပြီဆိုပြီးပြောတယ်။ လှနုကပဲ အားလုံးကိုယ်စား တောင်းပန် ပါတယ်လို့ပြောပါရစေ'' ဟု Miss Global Myanmar Organization မှ National Director လှနုထွန်းက ပြောသည်။

တောင်ကိုရီးယားနိုင်ငံ Miss Asia Pacific World Super Talent Organization ၏ကြေညာချက် တွင် သရဖူပြန်လည်သိမ်းရခြင်းနှင့် ပတ်သက်၍ မေမြတ်နိုးသည် ပင် ကိုယ်အရည်အသွေးရှိခြင်း၊ ရိုးသား ဖြောင့်မတ်မှုမရှိခြင်း၊ သစ္စာစောင့်သိ မှုမရှိခြင်း၊ သူမအား မွေးထုတ်ပေးခဲ့ သည့် Organization အပေါ်တွင် လည်း လိမ်လည်ခြင်း၊ National Director နှင့် မန်နေဂျာများ၊ မီဒီယာ သမားများ၊ သရဖူရရှိရန်အတွက် ဝိုင်း ဝန်းဆောင်ရွက်ပေးကြသည့်သူများ အပေါ်တွင်လည်း လေးစားမှုမရှိခြင်း၊ ယင်းအပြင် မေမြတ်နိုး၏ မိခင်ဖြစ် သူမှ သူမနှင့်အတူ ကိုရီးယားနိုင်ငံ တွင်နေထိုင်ရန်အတွက် ဗီဇာအတု လုပ်လာသည့်ကိစ္စသည် Organization အားရှော့ခ်ရစေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း မှာလည်း Miss Asia Pacific World Super Talent Organization တစ်ခု တည်း၏ သဘောဆန္ဒမဟုတ်ဘဲ တစ် ကမ္ဘာလုံးရှိ National Director များ၊ ရှေ့နေများ၏ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် လာ ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မေမြတ်နိုးသည် အလှမယ်တစ်ဦး ပိုင် ဆိုင်သင့်သည့် အရည်အချင်းများ မရှိခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ် လိုက်ရခြင်းဖြစ်ကြောင်း အဆိုပါ သဘောထားကြေညာချက်တွင် ဖော် ပြထားသည်။

မေမြတ်နိုးအား Miss Asia Pacific World Super Talent Organization မှ သြဂုတ် ၂၈ရက်တွင် သရဖူနှင့် စလွယ်အား ပြန်အပ်၍ မြန်မာပြည်သို့ ပြန်ရန် အတွက် လေ ယာဉ်လက်မှတ် စီစဉ်ထားခဲ့သော်လည်း မေမြတ်နိုးနှင့် သူမ၏မိခင်တို့သည် သြဂုတ်၂၇ရက်လေယာဉ်ဖြင့် သရဖူ နှင့်စလွယ် ပြန်မအပ်ဘဲ မြန်မာနိုင်ငံ သို့ပြန်ခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ယခုကဲ့သို့ တရားဝင် စာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မလှနု ထွန်းက ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ မေ မြတ်နိုးအားမေးမြန်းရန် ဖုန်းဖြင့်အ ကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

အလှမယ်မေမြတ်နိုးရရှိခဲ့သည့် သရဖူသည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ်ရရှိသည့် သရဖူဖြစ် သော်လည်း တစ်နှစ်မပြည့်မီကာလ အတွင်း ပြန်လည်သိမ်းယူခံခဲ့ရခြင်း ဖြစ်သည်။

NN

‪#‎Democracytoday‬

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...