Ba Na Hills သည် ဗိယက်နမ်နိုင်ငံ ဒါနန်မြို့တွင် တည်ရှိသော နေရာတစ်ခု ဖြစ်ပါတယ်။ ၎င်းတောင်ကြီးဟာ ထူးခြားအံ့သြဖွယ်ရာ များစွာတည်ရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
ထိုတောင်ကုန်ကြီးပေါ်မှာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူထားရှိထားပြီး ကြည်နူးစရာ
အလွန်ကောင်းသော ပန်းခင်းများနှင့် လာရောက်လည်ပတ် သူများ ဆော့ကစား နိုင်ရန် ဝင်္ကမ္ဘာတစ်ခုကိုလည်း ပြုလုပ်ပေး ထားပါတယ်။ ယခင်က အမေရိကန် စစ်စခန်း ချခဲ့သော အဆောက်အအုံများကို ထိုနေရာတွင် လေ့လာနိုင်ပါတယ်။
ဒါ့အပြင် ထိုတောင်ပေါ်သို့ Cable Car များနှင့် တက်ရောက်ရတာ ဖြစ်ပါတယ်။ ထိုတောင် ပေါ်တွင် စားသောက်ဆိုင်များ ဟိုတယ်များ ထားရှိပေးထားလို့ နေရေး စားရေး အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒါကြောင့် ထူးခြားအံ့သြဖွယ် ရာများနှင့် Ba Na Hills သည် သွားရောက် လှည်ပတ် သင့်သော နေရာများထဲမှ တစ်ခုလို့ ရေးသားပေး လိုက်ရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
0 comments:
Post a Comment