လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၁
နာမည်ကျော် ရုပ်သံအစီအစဉ် တင်ဆက်သူ ကင်မ်ကာဒက်ရှီယန် အပါအဝင် နာမည်ကျော် အမျိုးသမီး အနုပညာရှင်တွေရဲ့ ကိုယ်လုံးတီးဓာတ်ပုံတွေ အွန်လိုင်းမှာ ထပ်မံ ထွက်ပေါ်ခဲ့တယ်လို့ Contactmusic.com မှာ ဖော်ပြထားပါတယ်။
ကင်မ်ကာဒက်ရှီယန်၊ အေဗရာလာဗင်း၊ ဟုပ်ဆိုလိုနဲ့ အခြားနာမည်ကျော် အမျိုးသမီး အနုပညာရှင် အချို့ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေဟာ 4Chane နဲ့ Reddit ဝက်ဘ်ဆိုက်တို့မှာ ဖော်ပြခြင်း ခံခဲ့ရတယ်လို့ ဖျော်ဖြေရေး သတင်းဌာန တစ်ခုဖြစ်တဲ့ TMZ မှာ ဖော်ပြထားချက်အရ သိရပါတယ်။
ရီဟားနားနဲ့ ဂျင်နီဖာလောရင့်စ် အပါအဝင် နာမည်ကျော် အနုပညာရှင် ၁၀၀ ကျော်ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားခဲ့ပြီး သုံးပတ်အကြာမှာ ယခုလို အမျိုးသမီး အနုပညာရှင်အချို့ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေ ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
4Chane နဲ့ Reddit တို့ဟာ အမျိုးသမီး အနုပညာရှင်တွေရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေကို သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ နေ့တွင်းချင်းပဲ ဖယ်ရှားပစ်ခဲ့တယ်လို့လည်း TMZ မှာ ဖော်ပြထားပါသေးတယ်။
ယခုတစ်ကြိမ် ဓာတ်ပုံတွေ ပေါက်ကြားမှုဟာလည်း လွန်ခဲ့တဲ့ သုံးပတ်ကလိုပဲ Apple ရဲ့ အွန်လိုင်း သိုလှောင်မှုစနစ် ဖြစ်တဲ့ iClous ကနေ တစ်ဆင့် ပေါက်ကြားတာ ဖြစ်မယ်လို့ ယူဆရပြီး ဓာတ်ပုံတွေကို စတင် ဖြန့်ဖြူးသူကိုတော့ လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
0 comments:
Post a Comment