Stephanie Beaudoin လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ကို နေအိမ် ၄၂ အိမ် ကို ဖောက်ထွင်း ၀င်ရောက်ခဲ့မှုနဲ့ ကနေဒါနိုင်ငံ ၊ ဗစ်တိုးရီးယားဗယ်လီ မြို့မှာ ဖမ်းဆီးထားပါတယ်။
ကနေဒါနိုင်ငံက တာဝန်ရှိသူတွေကတော့Boudoin ဟာ ၁၃နှစ် ၊ ၁၅နှစ် နဲ့ ၁၇ နှစ် အရွယ် အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ယောက်နဲ့အတူ Athabaska နဲ့ Maple ဒေသတွေမှာ နေအိမ်ဖောက် ထွင်းမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ Beaudoin ဟာ နေအိမ်တွေကို နောက်ဖေးတံခါး (သို့) ဘေးဘက် ပြတင်းပေါက်တွေကနေ ဖောက်ထွင်းဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ Beaudoin ဟာ ဖောက်ထွင်းဝင်ရောက်ခြင်း၊ ခိုးရာပါပစ္စည်းတွေ များ လက်ဝယ်တွေ့ရှိခြင်း၊ လက်နက်များ တရားမ၀င် ကိုင်ဆောင်ထားခြင်းတို့ အပါအ၀င် အမှုတွဲ ၁၁၄ ခု နဲ့ ရင်ဆိုင်ရမှာပါ။ သူမရဲ့ ရှေ့နေဖြစ်တဲ့ Mr Lavigne ရဲ့ ပြောကြားချက်အရ Boudoin ဟာ ထို ပြစ်မှုတွေကို ကျူးလွန်နေစဉ် ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေအတွက် ဆရာဝန်နဲ့ ပြခဲ့ရတယ်လို့ သိရပါတယ်။
Beaudoin ရဲ့ သတင်းကို သူမရဲ့ရေကူးဝတ်စုံနဲ့သေနတ်ကိုင်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ မီဒီယာ အချို့မှာ ပါဝင်ခဲ့ပြီးတဲ့နောက်မှာ Twitter သုံးစွဲသူအမြောက်အများ Beaudoin ကို ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး ဒုစရိုက်ကောင် လို့ သတ်မှတ်ခဲ့ကြပါတယ်။
Ref:dailymail.co.uk
Trend Myanmar

0 comments:
Post a Comment