Wednesday, September 24, 2014

သဲသောင်ပြင်ဘောလုံး ဗိုလ်လုပွဲသို့ UPT နှင့် Joker တို့ တက်ရောက်


ရန်ကုန် စက်တင်ဘာ ၂၃

မြန်မာ့လက်ရွေးစင်သဲသောင်ပြင် ဘောလုံးအသင်းဖွဲ့စည်းရန် ကျင်းပသည့် လူရွေးပွဲဆီမီးဖိုင်နယ်ပွဲစဉ် များကို ယနေ့ ညနေ ၃ နာရီမှစ၍ သုဝဏ္ဏပန်းခြံကွင်း၌ ကျင်းပသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် UPTအသင်းနှင့် Joker အသင်းတို့ ဗိုလ်လုပွဲသို့တက်ရောက်သွားသည်။ UPT အသင်းမှာ မလိခအသင်းကို ကိုးဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

လင်းစဒေါင်းအသင်းနှင့် Joker အသင်းတို့၏ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး လင်းစဒေါင်းအသင်းမှာ ဦးဆောင်ဂိုးများကို မထိန်းနိုင်၍ ပွဲအပြီးတွင်Joker အသင်းက ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ် သည်။

တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ကို စက်တင်ဘာ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...