Thursday, September 18, 2014

ချန်ပီယံလိဂ်နှင့် ချန်ပီယံရှစ်ပွဲစဉ် ရလဒ်များ


ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ရလဒ်များ

ရိုးမား ၅-၁ စီအက်စ်ကေအေ

ဘိုင်ယန်မြူးနစ် ၁-၀ မန်စီးတီး

ဘာစီလိုနာ ၁-၀ နီကိုစီယာ

ချဲလ်ဆီး ၁-၁ ရှော်လ်ကေး

မာရီဘော ၁-၁ စပို့တင်းလစ္စဘွန်း

ဘီဘာအို ၀-၀ ရှက်တာဒိုးနက်

အေဂျက် ၁-၁ ပီအက်စ်ဂျီ

ပေါ်တို ၆-၀ ဘိုရီဆော့ဗ်

ချန်ပီယံရှစ်ပွဲစဉ် ရလဒ်များ

ဘလက်ဘန်း ၂-၃ ဒါဘီ

နော်တင်ဟမ် ၅-၃ ဖူလ်ဟမ်
........................................................
မန်စီးတီးရဲ့ အမှတ်ဗလာ ခရီးစဉ်

ဘိုင်ယန်မြူးနစ် ၁-၀ မန်စီးတီး

နည်းပြ ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး မန်စီးတီးကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲအစ (၁)မိနစ်အတွင်း မူလာကို ဂျိုးဟတ် ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ မပေးတာ၊ မူလာ၊ ဂေါ့ဇီ၊ အလာဘာတို့ရဲ့ ကန်ချက် (၃)ကြိမ်ကို ဂျိုးဟတ် လက်စွမ်းပြ ကာကွယ်သွားတာတွေကြောင့် ဘိုင်ယန်ရဲ့ တိုက်စစ်ဆင်မှု အထမမြောက်ခဲ့ပါဘူး။

(၄-၃-၃) ကစားကွက်နဲ့ ပွဲထွက်လာတဲ့ ဘိုင်ယန်မြူးနစ်က မန်စီးတီးကို ကွင်းလယ်ပိုင်း လွမ်းမိုးနိုင်ခဲ့သလို လီဝန်ဒေါစကီး၊ ဂေါ့ဇီ၊ မူလာတို့ရဲ့ တိုက်စစ်ပိုင်းနဲ့ ခြိမ်းခြောက် သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းခွင့် များများစားစား မရခဲ့ပါဘူး။ ပွဲချိန် (၈၉)မိနစ်မှာ ဘိုတန်ရဲ့ (၂၅)ကိုက် ကန်ချက်ကို ဂျိုးဟတ် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်တစ်မိနစ်အကြာမှာ ဘိုတန်ရဲ့ မြေမကျကန်ချက် လီဝန်ဒေါစကီး ကျောနဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ ဘိုင်ယန် အိမ်ကွင်းနိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် အချက်အလက်များ

ဘိုင်ယန်မြူးနစ် ရရှိခဲ့သည့် နောက်ဆုံးချန်ပီယံလိဂ် သွင်းဂိုး (၁၀)ဂိုးမှာ ပရီးမီးယားလိဂ် ကလပ်အသင်းများနှင့် တွေ့ဆုံသည့်ပွဲစဉ်များတွင် သွင်းယူခဲ့ခြင်းဖြစ်။

ပထမပိုင်းတွင် ဒေးဗစ်ဆေးလ်ဗား၏ ဘောလုံးပေးပို့မှု (၃၁)ကြိမ်လုံး အောင်မြင်ခဲ့။

.........................................................................................................................
ချဲလ်ဆီးရဲ့ ဂိုးကံခေတဲ့ပြဇာတ်

ချဲလ်ဆီး ၁-၁ ရှော်လ်ကေး

(၄-၂-၃-၁)ကစားကွက်မှာ ဒရော့ဘာကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တဲ့ ချဲလ်ဆီးဟာ ပွဲချိန်(၁၁)မိနစ်မှာ အဖွင့်ဂိုးရခဲ့သလို အပိုင်ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးရခွင့် ဆုံးရှုံးခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးခဲ့ရလို့ အိမ်ကွင်းပွဲစဉ်မှာ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။ ပွဲချိန်(၁၁)မိနစ်မှာပဲ ဟာဇတ်ရဲ့ ပေးပို့မှုကတစ်ဆင့် ဖာဘရီဂတ်စ်က (၁၀)ကိုက် အကွာကနေ ချဲလ်ဆီးအတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

အဲဒီနောက်မှာ ဟာဇတ်ရဲ့ ထိုးဖောက်မှုကနေ ဒရော့ဘာ၊ မာတစ်တို့ ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဖန်တီးမှုပိုင်းမှာ ရှော်လ်ကေးထက် ချဲလ်ဆီး အသာရပေမယ့် အဆုံးသတ်ပိုင်းကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဘိုတန်ရဲ့ ကန်ချက်ကို ကော်တိုရစ် လက်စွမ်းပြနိုင်ခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီး (၁-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ဟာဇတ်၊ ဒရော့ဘာတို့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့ပြီး ပွဲချိန် (၆၂)မိနစ်မှာတော့ ဟန်တယ်လာက (၁၆)ကိုက်အကွာ အနိမ့်ဘော ကန်ချက်နဲ့ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့ ဒရော့ဘာအစား ဒီယေဂို ကော်စတာ၊ ၀ီလျံအစား ရီမီတို့ကို လူစားလဲခဲ့ပေမယ့် ဂိုးကံခေမှုကိုတော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။

စိတ်ဝင်စားဖွယ်အချက်အလက်များ

ချဲလ်ဆီးသည် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်(၁၆)ပွဲလုံး ဂိုးသွင်းနိုင်ခဲ့။

ရှော်လ်ကေးသည် ချဲလ်ဆီးနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် ပထမဆုံး ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်။

Nz(ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...