Wednesday, September 24, 2014

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက် တိုက်မိပြီးတိမ်းမှောက်


နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၈/၀-၁)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ဈေးကွက်သစ် ရပ်ကွက်နေ အောင်တင်ဝင်း(၄၂)နှစ်မောင်းနှင်လာသော 7F/xxx ပရိုဘောက် အဖြူရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် အောင်တင်ဝင်းတွင် ယာမျက်ခုံး/နဖူးပွန်းပဲ့၊ ရင်ဘတ်အောင့်၊ ခါးနာကျင် ဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ မြောက်မင်းတဲ ရပ်ကွက်နေ အောင်ကျော်မိုး (၁၉)နှစ်တွင် ၀ဲခြေထောက်/ယာဒူးခေါင်းနာကျင်၊ ၀ဲပုခုံး/၀ဲလက်ဖ၀ါးနာကျင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသခဲ့ကာ အောင်တင်ဝင်းအား ဘောနီ အမြန်လမ်း ရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...