Friday, September 19, 2014

ဂန္ထဝင် ပြောပြတဲ့ အောင်မြင်မှုနှင့် ကျဆုံးမှုကြားက ထိန်းသိမ်းမှု


အနုပညာ လောကမှာ ခဏတာ အောင်မြင်ပြီး ရေရှည်အောင်မြင်မှုကို မထိန်း သိမ်းနိုင်သည့် အနုပညာ များစွာရှိသည်။ ၁ဝ စုနှစ် တစ်ခုထိ အောင်မြင်ပြီး ယနေ့ထိ အောင်မြင်နေဆဲ မင်းသမီး ဂန္ထဝင် က အောင်မြင်မှုနှင့် ကျဆုံးမှုကြား က ထိန်းသိမ်းမှု အကြောင်းကို အခုလို ပြောပြပါတယ်။
တစ်နှစ်မှ တစ်ယောက်ထွန်းပေါက် အစ်မတို့တုန်းက အပြိုင်အဆိုင် လုပ်ကြ ပေမယ့် တစ်နှစ်မှာ တစ်ယောက်လောက်ပဲ ထွန်းပေါက်နိုင်တယ်။ အဲဒီလို ထွန်းပေါက်နိုင်ပြီဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်တယ်။ အခုက အပြိုင်အဆိုင်ကလည်းများ ပွဲကလည်း များလာတယ်။ တချို့က မထွန်းပေါက် နိုင်ဘူး။

ထိန်းသိမ်းဖို့ လျှို့ဝှက်ချက်

အဲဒီလို ထွန်းပေါက်နိုင်ပြီး ကိုယ့်နေရာကိုယ် ထိန်းသိမ်းတဲ့ အခါမှာ လျှို့ဝှက်ချက် က ကြိုးစား အားထုတ်မှု၊ ပေါင်းသင်းဆက်ဆံရေးပါ။ အဲဒီဟာတွေ အပြင် အခြား သော အရာတွေ အများကြီး လိုအပ်တယ်။

ရွေးချယ်စရာများ

အခုက ရွေးချယ်စရာတွေများတော့ ကိုယ်က တစ်ခုအပေါ်မှာပဲ အာရုံစိုက်နိုင်ဖို့ လိုတယ်။ အခုခေတ် လူငယ်တွေက အခွင့်အရေး ပိုရကြပါတယ်။ ကြိုးစားစေ ချင်တယ်။

Myanmar News Media

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...